မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေအလုံးအရင်းနဲ့ဝင်လာပေမယ့်ဘဏ္ဍာရေးပိုင်းမှာပွင့်လင်းမြင်သာမှုနဲ့တာဝန်ခံမှုဆိတ်သုဉ်းနေတဲ့အတွက်တိုင်းပြည်ရဲ့သဘာဝကျိန်စာပိုပြီးဆိုးဝါးသွားတယ်လို့ArakanOilWatchရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ကပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာဒီကနေ့ထုတ်ပြန်တဲ့"မြန်မာ့သယံဇာတကျိန်စာ"ခေါင်းစဉ်နဲ့"ရေနံနှင့်သဘာဝဓါတ်ငွေ့ဘဏ္ဍာငွေပွင့်လင်းမြင်သာမှုပြဿနာများ"ဆိုတဲ့စာမျက်နှာ၆၀ပါအစီရင်ခံစာမှာအဲဒီလိုဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာသဘာဝသယံဇာတပေါကြွယ်ဝပေမဲ့နိုင်ငံမတိုးတက်ဘဲလူထုဆင်းရဲနေတဲ့အတွက်သဘာဝကျိန်စာသင့်နေတဲ့နိုင်ငံဖြစ်နေတယ်လို့ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ညွှန်ကြားရေးမှူးဦးကျော်ခိုင်က ပြောပါတယ်။
မြန်မာနိုင်ငံဟာပြည်ပကိုရေနံနဲ့သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချရာကနှစ်စဉ်
အမေရိကန်ဒေါ်လာသန်းနှစ်ထောင်ရရှိနေပြီး၊၂ဝ၁၃ခုနှစ်အစောပိုင်းမှာတခြားလုပ်ကွက်သုံးခုကသဘာဝဓါတ်ငွေ့တွေထုတ်လုပ်ရောင်းချတဲ့အခါလက်ရှိဝင်ငွေရဲ့နှစ်ဆနီးပါးတိုးလာမယ်လို့ခန့်မှန်းရတဲ့အကြောင်းအစီရင်ခံစာမှာပါရှိပါတယ်။
ဒါ့အပြင်လက်ရှိစမ်းသပ်ရှာဖွေတူးဖော်နေတဲ့တခြားရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ကွက်ပေါင်း(၄ဝ)ကျော်ကလည်း၊နိုင်ငံ့ဘဏ္ဍာဝင်ငွေအမြောက်အများရရှိလာတယ်လို့ဖော်ပြပါတယ်။ဒီလိုဘဏ္ဍာဝင်ငွေအမြောက်အများရရှိနေပေမယ့်မြန်မာနိုင်ငံဟာကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်နေပြီး၊ပြည်သူတွေဟာစွမ်းအင်နဲ့လောင်စာပြတ်လပ်တဲ့ပြဿနာနဲ့ရင်ဆိုင်နေတယ်လို့အစီရင်ခံစာကထောက်ပြပါတယ်။
ဒီအစီရင်ခံစာနဲ့အတူBEWGမြန်မာ့သဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့ကလည်းစွမ်းအင်၊ဓာတ်သတ္တုတူးဖော်ရေးနဲ့မြေယာကဏ္ဍမှာရင်းနှီးမြှုပ်နှံမှုစံသတ်မှတ်ချက်နဲ့ပတ်သက်ပြီး၊ကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်။အဲဒီထုတ်ပြန်ချက်မှာမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံတာတွေဟာသဘာဝသယံဇာတနဲ့မြေယာအခြေခံတဲ့အငြင်းပွားမှုတွေကိုမထိခိုက်မနစ်နာစေသင့်ဘူးလို့ဖော်ပြပါတယ်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment