ကျွန်မတို့ရဲ့နံပတ်တစ်အရေးကြီးတာကကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေပဲ။
““ကျွန်မကြားတဲ့အတိုင်းပဲပြောမှာပဲ။ကျွန်မဘယ်လိုကြားလဲဆိုတော့တချို့တွေကတရုတ်လုပ်ငန်းရှင်တွေ၊ကုန်သည်တွေကိုခြိမ်းခြောက်တယ်တဲ့။ကျွန်မကတော့အင်မတန်မှအနောက်တိုင်းနဲ့နီးစပ်တာမို့လို့ အန်အယ်လ်ဒီသာနိုင်ရင်သူတို့ရဲ့အကျိုးစီးပွားကိုထိခိုက်မယ်ဆိုပြီးတော့ခြိမ်းခြောက်တယ်လို့ပြောတယ်။ကျွန်မပြောမယ်နော်။ကျွန်မတို့ဟာပထ၀ီအနေအထားအရတရုတ်နိုင်ငံနဲ့ကမ္ဘာကြီးတည်ကတည်းအိမ်နီးချင်းနိုင်ငံဖြစ်ခဲ့တာပါ။ဒီမိုကရေစီအစိုးရရှိတုန်းကလည်းနိုင်ငံအချင်းချင်းမှာအဆင်ပြေခဲ့ပါတယ်။ပြဿနာတွေအင်မတန်နည်းပါတယ်။ကျွန်မတို့လိုချင်တဲ့ဆက်ဆံမှုမျိုးကနှစ်ဖက်စလုံးနားလည်မှုရှိတာမျိုးကိုပဲတည်ဆောက်သွားမှာ။ကျွန်မတို့နိုင်ငံမှာလာပြီးတော့စီးပွားရှာတဲ့လူတွေလည်းမနာစေရမှာ။နှစ်ဦးနှစ်ဖက်အတွက်အမြတ်ရရှိမှစီးပွားရေးလုပ်ငန်းကအကျိုးရှိတယ်ဆိုတာအားလုံးကိုနားလည်စေချင်တယ်။ကျွန်မတို့ကမျှတတဲ့စိတ်နဲ့လုပ်သွားမှာပါ။ဘယ်နိုင်ငံကိုမလိုလားဘူး။ဒီနိုင်ငံမှလိုလားတယ်။ဟိုနိုင်ငံမှအခွင့်အရေးပေးမယ်။ဒီလိုစိတ်မျိုးမရှိပါဘူး။ကျွန်မတို့ရဲ့နံပတ်တစ်အရေးကြီးတာကကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေပဲ။ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေအတွက်အကျိုးရှိမယ့်စနစ်မျိုးကိုဦးတည်မှာဖြစ်တယ်။ဒါပေမယ့်တခြားသူတွေကိုလည်းအကျိုးနိမ့်စေမယ့်အကျိုးပျက်စေမယ့်အလုပ်တွေကိုဦးစားပေးပြီးလုပ်မှာမဟုတ်ပါဘူး””
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment