Tuesday, March 20, 2012

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတစ်ဦးအား ဒီချုပ်ကန့်ကွက်လွှာတင်


ဧပြီလ၁ရက်နေ့၌ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအဖြစ်တောင်ငူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာဝေဝေသာအားဘာသာရေးအကြောင်းပြု၍မဲဆွယ်စည်းရုံးခဲ့သည်ပာုဆိုကာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့မတ်လ၁၄ရက်နေ့တွင်ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်းသိရသည်။

“အခုကြားဖြတ်ရွေးကောက်ပွဲမှာပြည်ခိုင်ဖြိုးပါတီကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့တောင်ငူမဲဆန္ဒနယ်ကဝင်ရောက်မည့်ဒေါ်ဝေဝေသာကိုရွေးကောက်ပွဲဆိုင်ရာပြစ်မှုတွေကျူးလွန်နေတဲ့အတွက်ကော်မရှင်ကိုကန့်ကွက်လွှာတင်သွင်းထားပါတယ်”ပာုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားသည်။

ယခုကဲ့သို့ပြည်ခိုင်ဖြိုးပါတီမှဒေါက်တာဒေါ်ဝေဝေသာအားNLDပါတီမှရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းရခြင်းမှာတောင်ငူမြို့သမိုင်းဝင်ရွှေဆံတော်ဘုရားကြီး၏ဓာတ်ပုံနှင့်ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်ဇနီးဒေါ်ဝေဝေသာတို့၏ဓာတ်ပုံများကိုယှဉ် တွဲဖော်ပြခဲ့သော
၂၀၁၂ခုနှစ်၊ ပြက္ခဒိန်ထုတ်ဝေခဲ့ရာတွင် ရွေးကောက်ပွဲဥပဒေများနှင့်ငြိစွန်းနေသည့်အတွက်ကြောင့်ဖြစ်ကြောင်းသိရသည်။

“တောင်ငူမြို့သမိုင်းဝင်ရွှေဆံတော်ဘုရားကြီး၏ဓာတ်ပုံနဲ့အတူပြက္ခဒိန်မှာတောင်ငူပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ရထားပို့ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်ဇနီးဒေါက်တာဒေါ်ဝေဝေသာမိသားစု လှူဒါန်းသည်ဆိုပြီးရေးသားထားပါတယ်။ဒီကိစ္စပာာပြည်သူ့လွှတ်တော်ဥပဒေပုဒ်မ၅၈(ဂ)အရ ဥပဒေကိုကျူးလွန်ဖောက်ဖျက်နေရာကျပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်ကဆက်လက်ဆိုသည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်း(၁၄)ပုဒ်မ၆၆(ဋ)တွင်ဖော်ပြထားသည်မှာလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးရွေးချယ်တင်မြှောက်ရေးအတွက်ဘာသာရေးအထိမ်းအမှတ်များကိုရွေးကောက်ပွဲတွင်အသုံးပြုခြင်း(သို့)လူမျိုးကိုဖြစ်စေ၊ကိုးကွယ်ရာဘာသာကိုဖြစ်စေ၊ အကြောင်းပြုမဲပေးကြရန်(သို့)မဲမပေးဘဲနေကြရန်အစီအစဉ်ပြုလုပ်လျက်လှုံဆော်ခြင်းကိစ္စရပ်များကိုမပြုလုပ်ကြရန်ဥပဒေပြဋ္ဌာန်းပေးထားကြောင်းသိရသည်။

No comments:

Post a Comment

My Blog List