လစ်လပ်မဲဆန္ဒနယ်အကုန်လုံးသို့ရောက်နိုင်ရန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကလူထုအားမဲဆွယ်စည်းရုံးရေးကိုမတ်လကုန်အထိပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
“မနေ့ကဒဂုံဆိပ်ကမ်းမြို့နယ်ကိုစည်းရုံးပြီးပြီဖြစ်လို့တနင်္သာရီတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးများကိုဆက်လက်စည်းရုံးရေးသွားမယ်”လို့အတွင်းရေးမှူးအဖွဲ့ဝင်ဦးအုန်းကြိုင်ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သည်ကြားဖြတ်ရွေးကောက်ပွဲအတွက်ပါတီနိုင်ငံရေးစည်းရုံးရေးခရီးစဉ်များကိုဖေဖော်ဝါရီလဆန်းပိုင်းကတည်းကစည်းရုံးရေးခရီးစဉ်စတင်ခဲ့ခြင်းဖြစ်ပါတယ်။
No comments:
Post a Comment