Thursday, March 22, 2012

မိုးလေ၀သအဆင့်မြင့်နည်းပညာဂျပန်ကရောင်းမည်



မိုးလေ၀သဆိုင်ရာပြောင်းလဲမှုများကိုစောင့်ကြည့်လေ့လာနိုင်ရန်အဆင့်မြင့်နည်းပညာတစ်ရပ်ကိုမြန်မာနိုင်ငံသို့ရောင်းချပေးမယ်လို့ဂျပန်နိုင်ငံHALEXCorportionမှဥက္ကဋ္ဌMasaakiOCHIကပြောပါတယ်။
“ဒီဆော့ဖ်ဝဲကအရင်းအနှီးများတဲ့အတွက်နှစ်ဖက်နိုင်ငံရဲ့ကူညီပံ့ပိုးမှုနဲ့လုပ်ရင်အများကြီးအကျိုးရှိပြီးကုမ္ပဏီအနေနဲ့လဲထောက်ပံ့မှုတွေပေးဖို့အလားအလာရှိနိုင်ပါတယ်”လို့ပြောပါတယ်။
          ယင်းဆော့ဖ်ဝဲသည်ရာသီဥတုအနေအထားကိုသုံးရက်ကြိုတင်ပြီးခန့်မှန်းပေးနိုင်ကြောင်းသိရပါတယ်။

          “အင်္ဂလန်၊စင်ကာပူနိုင်ငံတို့မှဝက်ဘ်ဆိုက်နဲ့ဒေါက်တာထွန်းလွင်ရဲ့ဝက်ဘ်ဆိုက်တွေကိုဝင်ပြီးခန့်မှန်းသုံးသပ်ပြီးပင်လယ်ပြင်ကငါးဖမ်းစက်လှေတွေကိုစကားပြောစက်နဲ့သတင်းပေးပို့ပေးပါတယ်။စက်လှေတစ်စင်းချင်းစီမှာဆော့ဖ်ဝဲတပ်ဖို့ကဈေးကြီးတဲ့အတွက်ကျွန်တော်တို့အဖို့မဖြစ်နိုင်ဘူး။ဂျပန်ကဆော့ဖ်ဝဲသုံးနိုင်ဖို့ဆိုရင်နိုင်ငံတော်ရဲ့ကူညီပံ့ပိုးမှုပေးမှအဆင်ပြေမယ်”လို့မြန်မာနိုင်ငံပင်လယ်ငါးဖမ်းလုပ်ငန်းရှင်အသင်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

No comments:

Post a Comment

My Blog List