Friday, March 23, 2012
မသမာမှုတွေအတွက် ကော်မရှင်နဲ့ အစိုးရက သတိပေးစာထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြု
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမကျင်းပခင်မသမာမှုတွေတိုးများဖြစ်ပေါ်နေပြီး၊ဒီကိစ္စတွေနဲ့ပတ်သက်လို့ရွေးကောက်ပွဲကော်မရှင်အပြင်အစိုးရအနေနဲ့ပါတရားဝင်စာထုတ်ပြန်ခြင်း၊သတိပေးခြင်းတွေပြုလုပ်သင့်တယ်လို့ဒေါ်အောင်ဆန်းစုကြည်ကRFAကိုပြောပါတယ်။
RFAကအပတ်စဉ်ထုတ်လွှင့်နေတဲ့ဒီမိုကရေစီခရီးကြမ်းအစီအစဉ်အတွက်ပြောဆိုရာမှာလက်ရှိရွေးကောက်ပွဲမတိုင်ခင်ဖြစ်ပေါ်နေတဲ့အခြေအနေများကိုထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။ တချို့ဖြစ်စဉ်တွေဟာနေပြည်တော်နယ်နမိတ်အတွင်းမှာဖြစ်တာမို့အကျဉ်းတန်တဲ့ဖြစ်ရပ်လို့ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
မသမာမှုလေးတွေကတော့ဆက်ဖြစ်နေတယ်။ဆက်ဖြစ်နေတယ်တင်မကဘူး၊ထပ်တိုးဖြစ်နေတယ်လို့တောင်ပြောရမလားမသိဘူး။ကျမတို့ကိုယ်စားလှယ်ဥတ္တရသီရိကဦးမင်းသူကိုလောက်လေးဂွနဲ့ပစ်တယ်ဆိုပေမယ့်သူပစ်လိုက်တဲ့ဟာကသစ်သားအချွန်လေးနဲ့ပေါ့နော်။ပစ်တာဦးမင်းသူကိုမထိဘဲနဲ့အနားကမိန်းကလေးတယောက်ကိုထိသွားတယ်။အဲဒါတွေကတော့နဲနဲလွန်လာပြီလေ။ဥပ္ပသီရိနဲ့ဒက္ခိဏသီရိထင်တယ်။အဲဒီ၂နေရာမှာဆိုင်းဘုတ်တွေကိုသူတို့ဖျက်ဆီးတာပေါ့နော်။ဓားနဲ့လှီးပြီးတော့ထုတ်တာတွေဘာတွေဟာအဲဒါမဖြစ်သင့်ဘူး။အထူးသဖြင့်နေပြည်တော်မှာဖြစ်တယ်ဆိုတာဟာအင်မတန်မှအကျဉ်းတန်တယ်။ဒီဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာမလုပ်သင့်မလုပ်အပ်တဲ့ကိစ္စတွေဖြစ်ပြီးဒါဟာပြစ်မှုကျူးလွန်တာဖြစ်တယ်ဆိုတာကျူးလွန်သူနဲ့အများပြည်သူသိရှိအောင်ပြည်ထောင်စုကော်မရှင်တင်မကအစိုးရကပါတရားဝင်သတိပေးစာထုတ်ပြန်စေချင်တယ်လို့ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment