Wednesday, February 26, 2014

အိမ်စောင့်နတ်နှင့်ပဋ္ဌာန်းရွတ်ခြင်း




တကယ်တော့ပဋ္ဌာန်းတရားဟာနတ်ပရိသတ်တွေအတွက်အဓိကထားပြီးမြတ်စွာဘုရား ဟောကြားခဲ့တာပါ။ ဟောတာကိုက နတ်ပြည်မှာလေ။
 
နတ်ပြည်မှာနတ်ပရိသတ်အတွက် ဟောထားတဲ့ တရားကို နတ်တွေက မနှစ်သက်ဘဲရှိပါ့မလား။ သူတော်ကောင်းနတ် မှန်ရင်ပဋ္ဌာန်းတရားကိုဘယ်သူဘယ်နေရာမှာရွတ်ရွတ် နှစ်သက်မြတ် နိုးစွာ လာရောက်နာယူမှာ သေချာပါတယ်။

ရိုဟင်ဂျာတွေအပေါ် နိုင်ငံတကာ ရာဇ၀တ်မှု ကျူးလွန်နေကြောင်း မြန်မာအစိုးရကို စွပ်စွဲ




ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အစိုးရမူဝါဒတွေ ချမှတ်ကန့်သတ်ထားတဲ့အတွက် မြန်မာအစိုးရဟာ လူသားထုတစ်ရပ်လုံးအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇ၀တ်မှု crime against humanity ကျူးလွန်နေတာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် Fortify Rights အဖွဲ့က ဒီကနေ့ စွပ်စွဲလိုက်ပါတယ်။

ထိုင်းစွမ်းအင်ကုမ္ပဏီ ဒေါ်လာ ၃ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမည်




မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေမှာ နောင်လာမယ့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးထောင့်သုံးရာ ရင်းနှီးမြုပ်နှံသွားမယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမ္ပဏီ PTTEP က ဒီကနေ့ ပြောလိုက်ပါတယ်။

ပဋိပက္ခဖြေရှင်းနိုင်အောင် ဥပဒေပြဌာန်းရတာလို့ ဒေါ်အောင်ဆန်းစုကြည်ပြော




ဥပဒေပြဌာန်းတယ်ဆိုတာ လူတွေအချင်းချင်းကြားထဲ ပဋိပက္ခတွေ နည်းနိုင်သမျှနည်းအောင်နဲ့ ရှိတဲ့ပဋိပက္ခတွေကိုလည်း အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းနိုင်အောင် ပြဌာန်းတာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဥပဒေ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

အခြေခံဥပဒေ ပြင်ပေးရေး ပုသိမ်မှာ လူ ၅၀၀ ကျော်တောင်းဆိုဆန္ဒပြ




ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ ဒေသခံလူအင်အား ၅၀၀ ကျော်လောက် ဆန္ဒပြတောင်းဆိုကြပါတယ်။

အစိုးရအနေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပေးဖို့ လိုတယ်လို့ ဒီနေ့ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုဝေလုက ပြောပါတယ်။

သတင်းကြီးနေတဲ့ ကျောက်စိမ်းတုံးကြီး အစိတ်စိတ် အမွှာမွှာကွဲ



ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တွေ့ရှိထားတဲ့ တန်ချိန် ၃၇ တန် ရှိတယ်လို့ သတင်းဖြစ်ပေါ်နေတဲ့ ကျောက်စိမ်းတုံးကြီးကို သယ်ယူဖို့ မလိုက်တဲ့အချိန်မှာ ကွဲအက်သွားပြီး တန်ဖိုးမရှိတဲ့ ကျောက်တုံးကြီးဖြစ်နေကြောင်း တူးဖော်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

Tuesday, February 25, 2014

၈၈ မျိုးဆက် အဖွဲ့ NLD မှတဆင့် ၂၀၁၅ ရွေးကောက်ပွဲ ၀င်နိုင်ဖွယ်ရှိ




၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီမှ တဆင့် ၀င်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ပြောဆိုကြသည်။

ဝန်ကြီးဌာနနှင့် ကုမ္ပဏီများ သစ်အစားထိုးစိုက်ပျိုးမှု နည်းပါးခြင်းကို ကြပ်မတ်ရန် လွှတ်တော်တင်




အရှေ့တောင်အာရှတွင် သစ်တော ပြုန်းတီးမှု တတိယမြောက်အများဆုံးဖြစ်သည့် မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အပါအဝင် သစ်ထုတ်လုပ်ရေး ကုမ္ပဏီများသည် သစ်တောများ တိုးခုတ်နေသော်လည်း အစားထိုးပြန်လည်စိုက်ပျိုးမှု နည်းပါးနေခြင်းကိုကြပ်ကြပ်မတ်မတ် ထိန်းကွပ်ရန် အစိုးရကို တိုက်တွန်းကြောင်း အမျိုးသား လွှတ်တော် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှုစီမံကိန်းများရေးရာကော်မတီက လွှတ်တော်သို့ အစီရင် ခံစာတင်သွင်းခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုံ ရှယ်ယာတခုကို ကျပ်တသောင်းနဲ့ ရောင်းမယ်




သီလ၀ါ အထူးစီးပွားရေးဇုံကို ဂျပန်-မြန်မာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရအဖွဲ့အစည်းတွေ ပူးပေါင်း ဖွင့် လှစ်ထားတဲ့ Myanmar -Japan Thilawa Development Limited က ရင်းနှီးတည်ဆောက် ထား တာဖြစ်ပြီး အခုတော့ အဲဒီကုမ္ပဏီထဲက အများပိုင် MMS ThiLawa Development ကုမ္ပဏီက အစု ရှယ်ယာတစုကို ကျပ်ငွေ ၁ သောင်း နှုန်းနဲ့ အများပြည်သူတွေကို ထုတ်ရောင်းတော့မယ်လို့ သိရပါတယ်။ 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပါဝင်ခွင့်ရရန် လွှတ်တော် အမတ်များ တောင်းဆို


  
လက်ရှိ ဆောင်ရွက်နေသော ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် လွှတ်တော်က ဖွဲ့စည်းထား သည့် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီက ပါဝင်ဆောင်ရွက်ခွင့် ရရှိရန် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းထံ တောင်းဆို ထားကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်ရင်လတ် ဘန်ကောက်နဲ့ဝေးရာသွားပြီ




ရက်ပေါင်းများစွာ ဆန္ဒပြတာတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ရင်လတ်  ဘန်ကောက်မြို့တော်ကနေ မိုင် ၉ဝ ဝေးတဲ့နေရာမှာ ရုံးသွားထိုင်နေပါတယ်လို့ သူ့ရုံးကနေ သိရပါတယ်။

ဆမ်ဆောင်း S5 မိတ်ဆက်ပြသပြီ





နည်းပညာခေတ်ကြီးမှာ ကိုယ့်ရဲ့စမတ်ဖုန်းဟာ ခဏလေးနဲ့ ခေတ်နောက်ကျသွားတတ်တာ အခု ဆမ်ဆောင် S5 ထပ်ထွက်လာမယ့်သတင်းက အတည်ထပ်ပြုလိုက်ပြန်ပါတယ်။ 

အထိုင်များသူတွေ သိထားသင့်သော ကျန်းမာရေး နည်းလမ်းများ




ရုံးခန်းအတွင်း နေ့တိုင်း ထိုင်လျှက် အလုပ်လုပ်နေရသော သူတွေဟာ နှစ်တွေကြာ လာတာနှင့် အမျှရောဂါ ဖြစ်ဖို့အလားအလာတွေ ပိုမိုများပြား လာပါတယ်။ ဒါကြောင့် မိမိအနေနဲ့ အထိုင်များသူ ဖြစ်ပါလျှင် လိုက်နာသင့်သော ကျန်းမာရေး အတွက် နည်းလမ်း လေးတွေကို ပြန်လည်မျှဝေပေး လိုက်ရပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ပါ

ထိုင်းရောက် မြန်မာ အလုပ်သမားတွေ ပတ်စ်ပို့ သက်တမ်းတိုးရေး ပြဿနာ ကြုံ




ထိုင်းနဲ့ မြန်မာနိုင်ငံအကြားရရှိထားတဲ့ MoU နားလည်မှုစာချွန်လွှာနဲ့ ထိုင်းနိုင်ငံမှာသွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား အတော်များများရဲ့ အလုပ်လုပ်ခွင့်ဗီစာပါတဲ့ ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်း ကုန်ဆုံးကုန်ပြီဖြစ်တဲ့အတွက် အဲဒီ အလုပ်သမားတွေကို ထိုင်းရဲတပ်ဖွဲ့က စတင် ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့အတွက် စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒါဟာ ထိုင်းအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆောင်ရွက်တာဖြစ်တဲ့အတွက် အလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံဘက် မှာ ဗီဇာသက်တမ်းပြန်တိုးပြီးရင် ပြန်လာလို့ ရပါတယ်လို့ မြန်မာသံရုံး တာဝန်ရှိသူတွေကလည်း ပြောပါ တယ်။ 

တရုတ်တက်ကြွလှုပ်ရှားသူ ၃၀ ခန့် ထိန်းသိမ်းခံရ




နာမကျန်းဖြစ်နေတဲ့ အစိုးရ အတိုက်အခံ Cao Shunli ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ တရုတ် တက်ကြွ လှုပ်ရှားသူတချို့ ဘေဂျင်းဆေးရုံကို သွားရောက်ခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ကြရပါတယ်။

ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ




မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ဒီနှစ်အတွင်း ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။ မြန်မာအနေနဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

အမျိုးသမီးဝန်ကြီးဌာနထားဖို့ အစီအစဉ် မရှိသေး



အမျိုးသမီးတွေကို အထူးအခွင့်အရေးပေးပြီး အသိအမှတ်ပြုတဲ့အနေနဲ့ အမျိုးသမီးဝန်ကြီးဌာန သီးခြားထားပေးဖို့ အစီအစဉ် ရှိ မရှိ ထန်တလန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းရာမှာ အဲဒီလိုအစီအစဉ် မရှိသေးကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

Monday, February 24, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေး NLDဦးဆောင်ကာ ရွှေတောင်တွင် ဆန္ဒထုတ်ဖော်


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဦးစီးကာ လူအင်အား ၄ဝဝကျော်ဖြင့် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ဖေဖော်ဝါရီလ ၂၄ရက်က နံနက် ၉နာရီက ဆန္ဒထုတ်ဖော်ခဲ့သည်။

'' ၀ '' တပ်ဖွဲ့ နေပြည်တော် သွားမည်




ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) အဖွဲ့ဟာ လာမယ့်သီတင်းပတ်အတွင်း နေပြည်တော်ကို ပထမဆုံးအကြိမ် သွားရောက်ပြီး ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု အစီအစဉ်မှာ ပူးပေါင်း ပါဝင်ဖို့ ရှိနေပါတယ်။

ကရင် အမျိုးသား ရဲတပ်ဖွဲ့ သင်တန်းဆင်းပွဲ




ဤ ရဲအဖွဲ့ ကို ကရင် အမျိုးသား ရဲတပ်ဖွဲ့ (Karen National Police Force K.N.P.F) ဟုခေါ်ပြီး ယမာန်နေ့ နေ့လည်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲ မြို့နယ် လေးဝါးစခန်းတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်ဟု အမည် မဖေါ်လိုသည့် ဗဟိုတရားရေးဌာန ၀န်ထမ်းတဦးမှ ဆိုပါသည်။

ယူကရိန်း ကြားဖြတ် သမ္မတ တာချင်နော့မှ ဥရောပ သမဂ္ဂနှင့် တစ်စည်း တစ်လုံးတည်း ဖြစ်ရန် အာရုံစိုက်သွားမည်ဟု ပြောကြား




ယူကရိန်း၏ ကြားဖြတ်သမ္မတ အိုလခ်စန်ဒါ တာချင်နော့မှ နိုင်ငံအနေဖြင့် ဥရောပ သမဂ္ဂနှင့် ပူးပေါင်းရေး ကို အာရုံစိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သမ္မတ ဗစ်ခ်တာယာနူကိုဗစ်ခ်ျအား ပါလီမန်မှ နုတ်ထွက်ခွင့် ပြုပြီးနောက် ကြားဖြတ် သမ္မတအဖြစ် တာချင်နော့အား စနေနေ့တွင် ခန့်အပ် ထားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ချောင်းဦးတွင် ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်




စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့တွင် ယင်းမြို့ ဒေသခံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ မှ ၁၂ နာရီအထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခွင့်ပြုချက် မရဘဲ ပထမဆုံးအကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒ ပြရာတွင် ပါဝင်သူ များက ပြောကြားသည်။

မိုင်းဖုန်း ဆရာတော် မန္တလေးသို့ နှစ်ရက်ခန့် ကြွရောက် သီတင်းသုံးမည်



ပြီးခဲ့သည့် ဆယ်နှစ်ကျော်ခန့်က မိုင်းဖုန်း ဆရာတော်နှင့် အတူ စီးနင်း လိုက်ပါလာသည့် ယာဉ်တန်းတွင် မူးယစ်ဆေးဝါး တွေ့ရှိမှုဖြင့် ဆယ်နှစ်ကြာ ပြည်ဝင်ခွင့် ပိတ်ခံ ထားရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော မိုင်းဖုန်း ဆရာတော်သည် မန္တလေး မြို့တော်သို့ ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် မန္တလေး ရှမ်းသာရေးနာရေးအသင်း၌ သီတင်းသုံးမည်ဖြစ်ကြောင်း အဆိုပါ အသင်း အတွင်းရေးမှူး ဦးစိုင်းဆိုင်မိန်းက ပြောကြားသည်။

အစမ်း ပို့ကြည့် တာပါ



အမျိုးသား တစ်ဦးပေါ့။ သူ့ဇနီးဖြစ်သူထံ ဖုန်း မတ်ဆေ့ခ်ျပို့ပါတယ်။

"ခင်ရေ။ အဝတ်တွေအားလုံး ဒီည အပြီးလျှော်ပါ။ ညစာ ကြက်သားဟင်းချက်ပါ။ ပြန်တာ နည်းနည်းနောက်ကျမယ်။ နက်ဖန် အတွက် အဝတ်ကို မီးပူ တိုက်ထားပေးပါ"

ယောက်ျားလေးတွေသိထားသင့်သော(၁၁)ချက်




(၁) ဦးနှောက်ရှိတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်ကြိုက်ပြီး သူ့ကို ရင်သားမရှိ(ကြီး)ဘူးလို့ အပြစ်မဆိုပါနဲ့။ ရင်သားရှိတဲ့မိန်းကလေး တစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို ဦးနှောက်မရှိဘူးလို့ အပြစ်မဆိုပါနဲ့။ဦးနှောက် လည်းရှိ၊ ရင်သားလည်းရှိ(ကြီး)တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို သဘောထား မပြည့်ဝဘူးလို့ အပြစ်မဆိုပါနဲ့။ လောကကြီးမှာ ခြောက်ပစ်ကင်းတဲ့ ယောက်ျားမရှိသလို ခြောက်ပစ်ကင်းတဲ့ မိန်းမလည်း မရှိပါဘူး။

My Blog List