ရန်ကုန်မြို့တွင် တည်ဆောက်လျက်ရှိသော ခုံးကျော်တံတား သုံးစင်း အနက်
ပထမဆုံးပြီးစီးခဲ့သောလှည်းတန်းခုံးကျော်တံတားကို ဧပြီလ ၁၀ ရက် နံနက် ၆
နာရီမှစတင်၍ မော်တော်ယာဉ်များဖြတ် သန်းမောင်းနှင် အသုံးပြုခွင့်ပေးခဲ့သည်။စတင်အသုံးပြုခွင့်ပေးခဲ့သည့် နံနက်ပိုင်းတွင်ပင်
ခုံးကျော်တံတား အပေါ်မှစတင်ကာ နာနတ်တောမီးပွိုင့်၊ ဟံသာဝတီ အ၀ိုင်းနှင့်
မြေနီ ကုန်းလမ်းဆုံအထိ ယာဉ် ကြော ပိတ်ဆို့မှုအချို့နှင့် စတင်ကြုံတွေ့နေရကြောင်း တံတားအ သုံးပြုမောင်းနှင် သူယာဉ်မောင်း များ ကပြော သည်။
လှည်းတန်းခုံးကျော်တံတားမှာ လက်ရှိတွင်
စမ်းသပ်မောင်းနှင် အသုံးပြု ခွင့်ပေးခြင်းသာဖြစ်ပြီး အသုံးပြုသောယာဉ်အစီးရေ၊
မီးပွိုင့်စနစ်၊ လမ်းကြောင်းများကို စစ်တမ်းကောက် ယူလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ယနေ့နံနက်ပိုင်း က မီဒီယာ များ သို့ပြောသည်။
ဗွီအိုအေ မြန်မာနံနက်ခင်း
-
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇
နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့
နိုင်ငံ...
16 hours ago
No comments:
Post a Comment