
ဗြိတိန်နိုင်ငံအတွက် ကြီးမြင့်တဲ့ ခေါင်းဆောင်ကြီးတယောက် ဆုံးရှုံးလိုက်ရ တာဖြစ်သလို ထူးချွန် ထက်မြက်တဲ့ ဝန်ကြီးချုပ်တယောက်ဖြစ်တဲ့ ဗြိတိန်နိုင်ငံသားတယောက် ဆုံးရှုံးလိုက် ရတာ ဖြစ် တယ်လို့ လက်ရှိဝန်ကြီးချုပ် David Cameron ကပြောဆိုလိုက်ပါတယ်။
အဲလဇ္ဇဘက် ဘုရင်မကြီးကလည်း မစ္စစ်သက်ချာ ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် အလွန်စိတ် ထိခိုက်မှု ဖြစ်ရကြောင်း Backingham နန်းတော်က ပြောပါတယ်။
မာဂရက်သက်ချာဟာ ဗြိတိန်နိုင်ငံအတွင်း သမဂ္ဂတွေရဲ့ကြီးစိုးမှုကိုချေဖျက်နိုင်ခဲ့ သလို အစိုးရရဲ့ထောက်ပံ့ ပံ့ပိုးမှုတွေ တော်တော်များကို လျှော့ချခဲ့ပြီး ပုဂ္ဂလိ က လုပ်ငန်းရှင်တွေရဲ့ အခန်းကဏ္ဍကိုမြင့်တင်ပေး ခဲ့တဲ့ ရှေးရိုးစွဲ ဝါဒ ပြင်းထန်သူ တစ်ဦး ဖြစ်ပါတယ်။
VOA
No comments:
Post a Comment