Monday, April 08, 2013

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း မှ မွန်/ ကရင်ငြိမ်းချမ်းရေး အဖွဲ့များအား ဆန်အိတ် ၃၈၀၀ ထောက်ပံ့ ပေးအပ်


Photo: ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း မှ မွန်/ ကရင်ငြိမ်းချမ်းရေး အဖွဲ့များအား ဆန်အိတ် ၃၈၀၀ ထောက်ပံ့ ပေးအပ်

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ဖက်တန်း ရပ်ကွက် ၊ ပြည်နယ် ခန်းမရှေ့၌ ဧပြီလ ၆ ရက်နေ့ နံနက် ၈ နာရီ အချိန်က ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်း မှ မွန် / ကရင် ငြိမ်းချမ်းရေး အဖွဲ့များအား ဆန်အိတ် ၃၈၀၀ အိတ် ထောက်ပံ့ ပေးအပ်ပွဲ ပြုလုပ်ရာ မွန်ပြည်နယ် အစိုးရ၀င် လုံခြုံရေး နှင့် နယ်စပ် ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် ၊ နီပွန် ဖောင်ဒေးရှင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မွန်ပြည်သစ် ပါတီမှ နိုင်မင်းသီဟ ( ရာမည ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း ) ၊ ကရင် ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် စောကျော်ကျော်ထက် နှင့် အဖွဲ့ဝင်များ ၊ မွန်ဌာနေ ပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင် နိုင်အိုင်ချင်း နှင့် အဖွဲ့ဝင်များ ၊ မွန် ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင် နိုင်ရှောင် နှင့် အဖွဲ့ဝင်များ ၊ ကရင် လက်နက်နှင့် ငြိမ်းချမ်းရေး အထူးဒေသ အဖွဲ့ ခေါင်းဆောင် စောအယ်စေး နှင့် အဖွဲ့ဝင်များ ၊ စောလှသန်း နှင့် အဖွဲ့ဝင်များ စုစုပေါင်း ၃၀ ကျော် တက်ရောက် ကြကြောင်း သိရှိရသည်။

http://bit.ly/XaetZN

No comments:

Post a Comment

My Blog List