Sunday, April 07, 2013

ပုသိမ် ဘောလုံး အကယ်ဒမီသို့ နိုင်ငံတော်ဒုတိယသမ္မတ ဦးဥာဏ်ထွန်း လာရောက်ကြည့်ရှု

Photo: ပုသိမ် ဘောလုံး အကယ်ဒမီသို့ နိုင်ငံတော်ဒုတိယသမ္မတ ဦးဥာဏ်ထွန်း လာရောက်ကြည့်ရှု
Sunday, April 7, 2013

ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ် ဘောလုံး အကယ်ဒမီသို့
 နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့က ဧပြီလ ၇ရက်နေ့ နံနက်ပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးသည်။

နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းသည် မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဋ္ဌ အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း၊ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်၊
 ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်လွင်နှင့် ဒုတိယ ၀န်ကြီးများ၊ ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်တို့ လိုက်ပါလျက် ပုသိမ်မြို့ မြန်မာ့ ဘောလုံး အကယ်ဒမီသို့ လာရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။ နိုင်ငံတော် ဒုတိယ သမ္မတနှင့် အဖွဲ့အား မြန်မာနိုင်ငံ
 ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဧရာဝတီ ယူနိုက်တက် အသင်း နာယက ဦးစိုးဟန်လင်းနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ပုသိမ် ဘောလုံး အကယ်ဒမီနှင့် ပတ်သက်၍ ရှင်းလင်း
 ပြသပေးခဲ့ကြသည်။

အဆိုပါ ပုသိမ် ဘောလုံး အကယ်ဒမီအား ဆောက်လုပ်ရန် အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၇.၅သိန်း ကုန်ကျခဲ့ရာ အာရှဘောလုံး အဖွဲ့ချုပ် (AFC) က အမေရိကန် ဒေါ်လာ ၂.၅သိန်း မတည်လှူဒါန်းခဲ့ပြီး လိုအပ်ငွေ အမေရိကန် ဒေါ်လာ ၅သိန်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ထူထောင်ထားသည့် ဧရာဝတီ ဖောင်ဒေးရှင်းက ဖြည့်စွက် လှူဒါန်းခဲ့သည်။ ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့တွင် ပုသိမ် ဘောလုံး အကယ်ဒမီအား နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းတို့က တက်ရောက် ဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါ ဘောလုံး အကယ်ဒမီအား ဧရာဝတီ တိုင်းဒေသကြီး ကိုယ်စားပြု
 မြန်မာ နေရှင်နယ်လိဂ် ကလပ်အသင်း ဧရာဝတီယူနိုက်တက် အသင်းထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အကယ်ဒမီ အဆောက်အဦ အတွင်း၌ သင်တန်းသားများ ညအိပ်ဆောင်၊ ထမင်းစားဆောင်၊ လေ့ကျင့်ဆောင်၊ ကိုယ်ကာယ လေ့ကျင့်ရေး စင်တာနှင့် စာသင်ဆောင်များ အပြင် နည်းပြဆရာ များ၏ ညအိပ်ဆောင် များနှင့် ရုံးခန်းများ၊ နားနေဆောင်များ ပါဝင် ဖွဲ့စည်းထားသည်။ 

အဆောက်အဦ ဘေးတွင်လည်း လေ့ကျင့်ရေး ဘောလုံးကွင်း တစ်ခုကို
 ပြုပြင် တည်ဆောက်ထားပြီး နိုင်ငံတကာ ဘောလုံး အကယ်ဒမီ များကဲ့သို့ အဆင့်မြင့် လေ့ကျင့်ရေး ပစ္စည်းများ ကိုလည်း ဖြည့်ဆည်း နိုင်ခဲ့သည်။
စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၁၁-၂၀၁၂ခုနှစ်တွင် စုစုပေါင်း သင်တန်းသား (၃၆)ဦး စတင် တက်ရောက် နိုင်ခဲ့ပြီး ၂၀၁၂-၂၀၁၃ခုနှစ် ပညာသင်နှစ်တွင် စုစုပေါင်း သင်တန်းသား (၃၉)ဦး တက်ရောက် သင်ကြားခွင့် ရခဲ့သည်။ ထို့အတူ ပညာ သင်ကြားရေး အနေဖြင့်လည်း အမှတ်(၂) အထက်တန်း
 ကျောင်းတွင် အပ်နှံ သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။ 

http://www.themff.org/index.php/news-centre/mff-news/72-academy/413-2013-04-07-08-24-24ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ် ဘောလုံး အကယ်ဒမီသို့
နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့က ဧပြီလ ၇ရက်နေ့ နံနက်ပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးသည်။
နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းသည် မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဋ္ဌ အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း၊ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်၊ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်လွင်နှင့် ဒုတိယ ၀န်ကြီးများ၊ ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်တို့ လိုက်ပါလျက် ပုသိမ်မြို့ မြန်မာ့ ဘောလုံး အကယ်ဒမီသို့ လာရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။ နိုင်ငံတော် ဒုတိယ သမ္မတနှင့် အဖွဲ့အား မြန်မာနိုင်ငံ
ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဧရာဝတီ ယူနိုက်တက် အသင်း နာယက ဦးစိုးဟန်လင်းနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ပုသိမ် ဘောလုံး အကယ်ဒမီနှင့် ပတ်သက်၍ ရှင်းလင်း
ပြသပေးခဲ့ကြသည်။

အဆိုပါ ပုသိမ် ဘောလုံး အကယ်ဒမီအား ဆောက်လုပ်ရန် အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၇.၅သိန်း ကုန်ကျခဲ့ရာ အာရှဘောလုံး အဖွဲ့ချုပ် (AFC) က အမေရိကန် ဒေါ်လာ ၂.၅သိန်း မတည်လှူဒါန်းခဲ့ပြီး လိုအပ်ငွေ အမေရိကန် ဒေါ်လာ ၅သိန်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ထူထောင်ထားသည့် ဧရာဝတီ ဖောင်ဒေးရှင်းက ဖြည့်စွက် လှူဒါန်းခဲ့သည်။ ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့တွင် ပုသိမ် ဘောလုံး အကယ်ဒမီအား နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းတို့က တက်ရောက် ဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါ ဘောလုံး အကယ်ဒမီအား ဧရာဝတီ တိုင်းဒေသကြီး ကိုယ်စားပြုမြန်မာ နေရှင်နယ်လိဂ် ကလပ်အသင်း ဧရာဝတီယူနိုက်တက် အသင်းထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။အကယ်ဒမီ အဆောက်အဦ အတွင်း၌ သင်တန်းသားများ ညအိပ်ဆောင်၊ ထမင်း စားဆောင်၊ လေ့ ကျ င့်ေ ဆာင်၊ ကိုယ် ကာယ လေ့ကျင့်ရေး စင်တာနှင့် စာသင်ဆောင်များ အပြင် နည်းပြဆရာ များ၏ ညအိပ်ဆောင် များနှင့် ရုံးခန်းများ၊ နားနေဆောင်များ ပါဝင် ဖွဲ့စည်းထားသည်။

အဆောက်အဦ ဘေးတွင်လည်း လေ့ကျင့်ရေး ဘောလုံးကွင်း တစ်ခုကိုပြုပြင် တည်ဆောက် ထား ပြီး နိုင်ငံတကာ ဘောလုံး အကယ်ဒမီ များကဲ့သို့ အဆင့်မြင့် လေ့ကျင့်ရေး ပစ္စည်းများ ကို လည်း ဖြည့် ဆည်း နိုင်ခဲ့သည်။စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၁၁-၂၀၁၂ခုနှစ်တွင် စုစုပေါင်း သင်တန်းသား (၃၆)ဦး စတင် တက်ရောက် နိုင်ခဲ့ပြီး ၂၀၁၂-၂၀၁၃ခုနှစ် ပညာသင်နှစ်တွင် စုစုပေါင်း သင်တန်းသား (၃၉)ဦး တက်ရောက် သင်ကြားခွင့် ရခဲ့သည်။ ထို့အတူ ပညာ သင်ကြားရေး အနေဖြင့်လည်း အမှတ်(၂) အထက်တန်းကျောင်း တွင် အပ်နှံ သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

http://www.themff.org/index.php/news-centre/mff-news/72-academy/413-2013-04-07-08-24-24

No comments:

Post a Comment

My Blog List