
အန်ကယ်သိသလောက် ပြောရရင်တော့ သန်းဌေးနှင့် ရောင်းရင်းများက ခြောက်စီး၊ အန်ကယ်တို့ သုခမိန် စာပေက ခြောက်စီး၊ နန်းဦးလှိုင်ကငါးစီး၊ ပြီးတော့ ရပ်ကွက်ဂိတ် လေးတွေကလည်း တော်တော်များများ သွားဖြစ်ပါမယ်” ဟု သုခမိန်စာပေ မြန်မာပြည်အနှံ့ ဘုရားဖူးယာဉ်လိုင်းမှ ဦးမျိုးကြီးက ပြောသည်။
ထို့ပြင် ရာသီဥတု အခြေအနေ ပူပြင်းသောကြောင့် ရှမ်းပြည်နယ် ခရီးစဉ်များအဖြစ် တောင်ကြီး၊ အင်းလေး၊ ပင်းတယ စသည့်ခရီးစဉ်များသို့ ခရီးသွားများ ရွေးချယ်မှု ပိုမိုများပြားကြောင်းနှင့် ခရီးသွားများသည် မိမိတို့သွားလာရမည့် နေရာဒေသများနှင့် လမ်းကြောင်းတစ်လျှောက် လုံခြုံစိတ်ချမှု ရရှိမည့် ခရီးစဉ်များ ကိုသာ ရွေးချယ်သွားရောက်ကြ ကြောင်းလည်း သိရှိရသည်။
“ဒီနှစ်သင်္ကြန်ခရီးစဉ်ကို တောင်ကြီးတို့၊ မော်လမြိုင်တို့ပြီးတော့ ကမ်းခြေတွေကို အသွားများ ပါ တယ်။ မော် လမြိုင်မှာ ဆိုလည်း ကျိုက္ခမီ၊ စက်စဲတို့ အသွားများပါတယ်။ အသွားနည်းသွားတာက မန္တလေးဘက်ကိုပေါ့။ မုံရွာ၊ အလောင်းတော်ကသာပ၊ ရွှေစက်တော်တို့ ဒီနှစ်သွားတာ နည်းနည်းကျဲသွားတယ်။ ခရီးသွားတွေ ကတော့ အရင်ဆုံး ဘယ်လမ်းကြောင်းက သွားမလဲ အရင်မေးကြတယ်။ ပြီးမှသာ ခရီးစဉ် ကို ရွေးချယ်ကြတယ်” ဟု Dream Paradise ခရီးသွား ကုမ္ပဏီမှ မန်နေဂျာ ကိုအောင်မြတ်သူ က ပြော သည်။
ထို့ပြင်ခရီးသွားများက ခရီးလမ်းကြောင်းကို ကြည့်ပြီးမှသာ ခရီးစဉ်တွေကို ရွေးချယ်ကြပြီး အထက်မြန်မြာ ပည် ခရီးစဉ်များတွင် အလောင်းတော်ကဿပ၊ ရွှေစက်တော်အပြင် မန္တလေး၊ မုံရွာ အစရှိသည့် ခရီးစဉ် များမှာ နှစ်စဉ်နှစ်တိုင်း ခရီးသွား များပြားခဲ့သော်လည်း ယခုနှစ်တွင် မိတ္ထီလာ ပဋိပက္ခများကြောင့် ခရီးသွားများ နည်းပါးသွားကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment