Wednesday, April 10, 2013

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ တစ်နေရာတည်း ဆောင်ရွက်နိုင်ရန် ပူးပေါင်းအဖွဲ့ရုံးဖွင့်

Photo: ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ တစ်နေရာတည်း ဆောင်ရွက်နိုင်ရန် ပူးပေါင်းအဖွဲ့ရုံးဖွင့်
ရန်ကုန်၊ဧပြီ-၁၀

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ရုံးကို ရင်းနှီးမြှုပ်နှံမှုကော်မရှင် ရန်ကုန်ရုံးခွဲ၌ ဧပြီ ၁၀ ရက်က စတင်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

"မြန်မာနိုင်ငံမှာ တစ်နေရာတည်းမှာ လုပ်ငန်းတစ်ခါတည်း အပြီးလုပ်နိုင်တာမျိုး ဒါပထမဆုံးပဲ"ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကဆိုသည်။

ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ရုံးတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနတို့မှ ရုံးခွဲများလည်း တွဲဖက်ဖွင့်ထားမည်ဖြစ်သည်။

"ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေစည်းမျဉ်းတွေကို တစ်ခါတည်းရှင်းပြနိုင်ဖို့ပါ"ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

လက်ရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ 
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သွင်းကုန်ဌာန၊ 
ပို့ကုန်ဌာနနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူကာကွယ်ရေးဦးစီးဌာနတို့ ပူးတွဲပါဝင်သည်။

"ရန်ကုန်မှာ အခုလို ဆောင်ရွက်နိုင်တော့ ရင်းနှီးမြှုပ်နှံမှုအတွက် နေပြည်တော်လာရတဲ့အကြိမ် အနည်းဆုံးတစ်ကြိမ် လျော့သွားတာပေါ့"ဟု ဦးအောင်နိုင်ဦးက 
မီဒီယာများနှင့် တွေ့ဆုံရှင်းပြသည်။

မူလက ပြည်တွင်း၊ ပြည်ပကုမ္ပဏီတစ်ခု ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းဖြစ်စေ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းများအတွက်ဖြစ်စေ သုံးကြိမ်ခန့် နေပြည်တော်သို့ သွားရသည်။ 
အဆိုပြုလွှာ လျှောက်ထားရာတွင် တစ်ကြိမ်၊ အဆိုပြုလွှာကို စစ်ဆေးခွင့်ပြုရာတွင်တစ်ကြိမ်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၌ 
လိုင်စင်လျှောက်ထားရာတွင်တစ်ကြိမ် သွားရသည်။ ယခုအဆိုပြုလွှာကို ရန်ကုန်မှာပင် လျှောက်ထားနိုင်သည့်အတွက် ကျန်နှစ်ခုအတွက်သာ နေပြည်တော်ကို 
သွားရမည်ဖြစ်သည်။

ဓာတ်ပုံ- ကျော်ဇင်သန်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို တစ်နေရာတည်း တွင် ဆောင် ရွက်နိုင်ရန် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ရုံးကို ရင်းနှီးမြှုပ်နှံမှုကော်မရှင် ရန်ကုန်ရုံးခွဲ၌ ဧပြီ ၁၀ ရက်က စတင်ဖွင့်လှစ်လိုက်ကြောင်း သတင်း ရရှိသည်။
"မြန်မာနိုင်ငံမှာ တစ်နေရာတည်းမှာ လုပ်ငန်းတစ်ခါတည်း အပြီးလုပ်နိုင် တာမျိုး ဒါပထမဆုံးပဲ"ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန် ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကဆိုသည်။ ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ရုံးတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနတို့မှ ရုံးခွဲများလည်း တွဲဖက်ဖွင့်ထားမည်ဖြစ်သည်။
"ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေစည်းမျဉ်းတွေကို တစ်ခါတည်း ရှင်းပြနိုင် ဖို့ပါ"ဟု ဦးအောင်နိုင်ဦးက ဆိုသည်။ လက်ရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦး စီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သွင်းကုန်ဌာန၊ ပို့ကုန်ဌာနနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ကာကွယ်ရေးဦးစီးဌာနတို့ ပူးတွဲပါဝင်သည်။

"ရန်ကုန်မှာ အခုလို ဆောင်ရွက်နိုင်တော့ ရင်းနှီးမြှုပ်နှံမှုအတွက် နေပြည်တော်လာရတဲ့အကြိမ် အနည်းဆုံး တစ်ကြိမ် လျော့သွားတာပေါ့"ဟု ဦးအောင်နိုင်ဦးက မီဒီယာများနှင့် တွေ့ဆုံရှင်းပြသည်။

မူလက ပြည်တွင်း၊ ပြည်ပကုမ္ပဏီတစ်ခု ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းဖြစ်စေ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းများ အတွက်ဖြစ်စေ သုံးကြိမ်ခန့် နေပြည်တော်သို့ သွားရသည်။ အဆိုပြုလွှာ လျှောက်ထားရာတွင် တစ်ကြိမ်၊ အဆိုပြုလွှာကို စစ်ဆေးခွင့်ပြုရာတွင်တစ်ကြိမ်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၌ လိုင်စင်လျှောက် ထားရာ တွင်တစ်ကြိမ် သွားရသည်။ ယခုအဆိုပြုလွှာကို ရန်ကုန်မှာပင် လျှောက်ထားနိုင်သည့်အတွက် ကျန်နှစ်ခု အတွက်သာ နေပြည်တော်ကို သွားရမည်ဖြစ်သည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

No comments:

Post a Comment

My Blog List