
ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ဦးဆောင်ခဲ့သူ Ms. Barbara Lochbihler က “လက်ရှိ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ ရိုဟင်ဂျာလူမျိုးတွေ အပါအဝင် လူနည်းစုတွေကို ခွဲခြားမှုမရှိပဲ အကာအကွယ်တွေပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်၊ ဒါ့အပြင် အစိုးရအနေနဲ့ စီးပွါးရေးဆိုင်ရာ အကျိုးအမြတ်တွေကိုလည်း လူအုပ်စုတစ်စုသာ ကောင်းစားဖို့ လုပ်ဆောင်နေခြင်းမျိုးမဟုတ်ဘဲ လူများစုမြန်မာနိုင်ငံသားတွေရဲ့ အကျိုးဖြစ်ထွန်းမှုကို ရှေ့ရှုဖို့လည်း တိုက်တွန်းထားပါတယ်”လို့ ပြောဆိုသွားပါတယ်။
ဥရောပသမဂ္ဂရဲ့ ပါလီမန်အမတ်တွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူမှုရေး အဖွဲ့အစည်းတွေ ရဲ့ ပြုပြင်ပြောင်း လဲရေးကာလ လုပ်ဆောင်မှုတွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်မှုတွေနဲ့ လူ့အခွင့်အရေး
ဆိုင်ရာ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုကြောင်းလည်း ဒီထုတ်ပြန်ချက်အတွင်း မှာ ဖော်ပြထား ပါတယ်။
Rakhine Straight Views
No comments:
Post a Comment