
လက်နက်နှင့် ခဲယမ်း ရောင်းဝယ်မှုများမှ လွဲ၍ အခြားပစ္စည်းများကို မြန်မာနိုင်ငံအနေဖြင့် အခွန်နှင့် ကိုတာ ကင်းလွတ်စွာ ရောင်းဝယ်ခွင့် ပေးရန်ကိစ္စကို ဥရောပပါလီမန် နိုင်ငံတကာကုန်သွယ်ရေး ကော်မတီတွင် မဲအများဆုံးဖြင့် ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း ဥရောပပါလီမန်တွင် မဲခွဲဆုံးဖြတ်ရန် လိုအပ်ေ နသေးေ ကြာင်း သိရသည်။
ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအတွက် အီးယူက သတ်မှတ်ထားသော မူအရ မြန်မာနိုင်ငံအနေဖြင့် အီးယူနှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့်ရှိခဲ့သော်လည်း ၁၉၉၇ခုနှစ်တွင် အဓမ္မလုပ်အား ပေးခိုင်းစေမှုများ ကျယ် ကျယ်ပြန့်ပြန့် ရှိခဲ့သည့်အတွက် ၁၉၉၇ခုနှစ်မှစပြီး ယင်းအခွင့်အရေးကို ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ အထက်ပါ ကင်းလွတ်ခွင့်ကိစ္စကို ဥရောပပါလီမန်တွင် မဲခွဲဆုံးဖြတ် ပြီးနောက် ဥရောပ ကောင်စီ၏ တရားဝင် အတည်ပြုချက် ရယူရန် လိုအပ်ဦးမည်ဟု သိရပါသည်။
Myanmar ICT
No comments:
Post a Comment