Wednesday, May 30, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ၆ ရက် အစီအစဉ်

(ဓာတ်ပုံ - AP)

မေ ၂၉ အင်္ဂါ - ဘန်ကောက်လေဆိပ်ကို ညပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိပါတယ်။ (အပေါ်ပုံ)

မေ ၃၀ ဗုဒ္ဓဟူး - ဒီမနက် မြန်မာပြည်အငယ်စား (little Burma) လို့ လူသိများတဲ့ ဘန်ကောက်မြို့ပြင် မဟာချိုင်ဒေသကို သွားပါတယ်။ ဒါကတော့ ထိုင်းနိုင်ငံ ခရီးရဲ့ ပထမဆုံး အစီအစဉ် ဖြစ်ပါတယ်။ ဒီနေရာဟာ မြန်မာပြည်သားတွေ ထောင်သောင်းချီ ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေတဲ့ နေရာ ဖြစ်ပါတယ်။ နေ့ခင်းပိုင်း ဘန်ကောက်မြို့ Shangri-La ဟိုတယ်ကို ပြန်ပါမယ်။ ဟိုတယ်မှာ ပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ/World Economic Forum ကို တက်ရောက်မှာပါ။

မေ ၃၁ ကြာသပတေး - ညီလာခံကျင်းပရာ ဟိုတယ်မှာ ရှိပါမယ်။

ဇွန် ၁ သောကြာ - ညီလာခံအစီအစဉ်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ Klaus Schwab နဲ့ ပြောဆိုဆွေးနွေးမှု ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်က World Economic Forum ကို အစပြု စီစဉ်ခဲ့သူပါ။
Asian Women as the Way Forward ဆိုတဲ့ အစီအစဉ်မှာ ၀င်ရောက်ဆွေးနွေးပါမယ်။ (မနက် ၁၁ နာရီ )


ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လာရောက်ခဲ့ဖူးတဲ့ ထိုင်းအတိုက်အခံခေါင်းဆောင် အဖိဆစ်ဝေ့ချာချီဝ နဲ့တွေ့ပါမယ်။ (အချိန် မသိရသေး)

ဇွန် ၂ စနေ - ကရင်ပြည်နယ် မြ၀တီမြို့နားမှာ တည်ရှိတဲ့ မယ်လ/ဘဲကလော် ဒုက္ခသည်စခန်းကို သွားမှာပါ။
မဲဆောက်မြို့ ဒေါက်တာစင်သီယာဆေးခန်းကိုလည်း အရောက်သွားဖို့ အစီအစဉ်ရှိပြီး နယ်စပ်က တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့လည်း တွေ့ပါမယ်။

ဇွန် ၃ တနင်္ဂနွေ - ရန်ကုန်ကို ပြန်ပါမယ်။


ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List