Tuesday, May 29, 2012

တရုတ်ရွာတည်ဖို့ ကြိုးစားနေပြီလား??????


ကိုင်းတိုင်း အထက်ပိုင်းမှာ ဒုတိယမောင်းကုန်း (တရုတ်ရွာတည်ဖို့) လုပ်ဖို့
ကြိုးစားနေကြပြန်ပြီ.....

ပြီးခဲ့တဲ့နှစ်ကအင်တာနက်တွေထဲမှာထီးချိုင့်မြို့နယ်မောင်းကုန်းကျေးရွာမှာပြည်ပကတယုတ်တွေကြီးစိုးလာမှုအကြောင်းလေးဖတ်မိလိုက်ပါတယ်၊ဒီဆောင်းပါးလေးဖတ်ရတဲ့(အမျိုးချစ်တဲ့သူတိုင်း)တက်တခေါက်ခေါက်နဲ့ခံပြင်းကြတယ်၊မကျေမနပ်ဖြစ်ကြရပါတယ်။အဲဒီတရုတ်တွေ ဘယ်လိုရောက်လာတာပါလဲ၊ ကျွန်တော်တို့သိချင်တယ်၊ ဒါပေမယ့် ဘဲဥအစရှာမရသလို ပါပဲ၊ ဘယ်လိုလုပ်ပြီးအုံနဲ့ကျင်းနဲ့ရောက်လာတာလဲ မသိ၊ ဒါနဲ့ ဒေသခံတွေကိုစုံစမ်းကြည့်တော့
တရုတ်တွေ မရောက်လာခင်မှာ မန္တလေးက လုပ်ငန်းရှင်ကြီးတစ်ဦး ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာ သကြားစက်စတည်တယ်၊ အဲဒီလုပ်ငန်းရှင်က စစ်ကိုင်းတိုင်းဒေသကြီးတိုင်းမှူး (ယခုစစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်) ကို သူကအတော်ပိုင်ပါတယ်။

ပိုင်အောင်ကလည်း ရက်ရက်စက်စက် ပေးကမ်းထားတာကိုဗျ၊ သူ့ရဲ့ကုမ္မဏီမှာလည်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ရဲ့သားကို ငွေထည့်စရာ မလိုပဲ ရှယ်ယာ ၀င် လုပ်ပေးထားလိုက်တယ်၊ နောက် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် သမီးကိုလည်း မန္တလေး ရတနာပုံဈေးအနားမှာရှိတဲ့ ၃ထပ် တိုက်တစ်လုံး အလကားပေးထားလိုက်သေးတယ်။

တိုက်နံပါတ်(C3)ပါ၊ ကပ်လျှက်(C2)ကတော့ အဲဒီအချိန် မန္တလေးမြို့တော်ဝန်လုပ်နေတဲ့ ဗိုလ်မှူးချုပ် ရန်သိမ်းကိုပေးထားတာပါ၊ သူအလကားပေးတဲ့ တိုက်တစ်လုံးရဲ့ တန်ဘိုးဟာ သိန်း ၃,၀၀၀ လောက် တန်ပါတယ်။

အဲဒီလောက်ပေးထားတော့ မန္တလေးက လုပ်ငန်းရှင်ကြီးကလည်း တန်အောင်
ဆိုပြီး စစ်ကိုင်းတိုင်းထဲမှာ ဒေသခံတွေအပေါ် နည်းအမျိုးမျိုးနဲ့ခေါင်းပုံဖြတ်တော့တာပါပဲ။

အဲဒီလိုခေါင်းပုံဖြတ်တာကို မခံနိုင်တဲ့ ဒေသခံတွေကတော့ တုတ်နဲ့ ဓါးနဲ့ဖြေရှင်းကြပါတယ်၊သူ့ရဲ့ လူယုံ ဗိုလ်မှူးတစ်ယောက်ကို မောင်းကုန်းရွာနားက ဒေသခံ တယောက်က ဓါးနဲ့ခုတ်ခဲ့သလို ကျောက်ထုံးကြီးကျေးရွာနားက ရွာသားတစ်ယောက်ကလည်း အဲဒီလုပ်ငန်းရှင်ကြီးရဲ့ ယောက်ဖကို ဓါးနဲ့ခုတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။

အဲဒီလုပ်ငန်းရှင်ကြီးရဲ့ ယောက်ဖကို နိုင်ငံခြားပို့ပြီး ကုပေမယ့် အခုအချိန်အထိ လူစဉ်မမှီတော့ပါဘူး၊
ဒါတွေကို စစ်ကိုင်းတိုင်းက လူတွေအကုန်သိကြပေမယ့် မပြောဝံ့ကြပါဘူး။

လုပ်ငန်းရှင်ကြီးကိုကြောက်ကြတာကိုး၊ အဲဒီလုပ်ငန်းရှင်ကြီးလုပ်ငန်းရှင်ကြီးကလည်း
ဘယ်လောက်များ လက်စောင်းထက်သလဲ ဆိုရင် ထီးချိုင့်မြို့မှာနေတဲ့ စာပေဗိမာန်(၄)ဆု ရဖူးပြီး
ပြန်ဆက်က ခရိုင်ဦးစီးမှူးအနေနဲ့ ပစ်စင်ယူထားတဲ့ အသက်(၆၀)အရွယ် မောင်ချစ်ထွေး(မဟာဝိဇ္စာ)
ဆိုတဲ့ စာရေးဆရာကြီးကိုတောင် လိမ်လည်မှုနဲ့မနှစ်က ထီးချိုင့်မြို့နယ် တရားရုံးက ထောင်ချပစ်လိုက်ဖူးပါတယ်။

နောက်ဆုံး အယူခံတွေ အဆင့်ဆင့်တက်တော့ မှ (ကသာခရိုင်တရားရုံးကနေ ဦးချစ်ထွေးမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီးတရားသေလွှတ်လိုက်ပါတယ်) ဆရာမောင်ချစ်ထွေး ကသာထောင်ကနေပြန်လွှတ်လာပါတယ်။

ဒါပေမယ့်ဆရာ မောင်ချစ်ထွေး(မဟာဝိဇာ) ထောင်ထဲမှာ (၃)လနေလိုက်ရပါတယ်၊အဲဒါ
မနှစ်ကမှ ဖြစ်ထားတာ၊ဒီလိုလူမျိုးကိုတောင် အပြစ်မရှိ အပြစ်ရှာပြီး
ထောင်ချနိုင်တဲ့ လူကြီးသူကြီးပိုင် လုပ်ငန်းရှင်ကြီးဆိုတော့ ကြောက်ကြရတာပေါ့၊ ထားပါတော့၊အရင်က ကိစ္စတွေကို၊ပြောချင်တာကအခုကိစ္စ၊ ကသာမြို့နယ်အပိုင်ကျောက်ထုံးကြီးကျေးရွာမှာ မြေယာပေါင်းများစွာကို
အပြောင်ရှင်းနေပြန်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင်လာကြည့်ပြီး မြေနေရာပေးတာတဲ့၊ကျောက်ထုံးကြီးကျေးရွာမှာ အပိုင်မှာလည်း စက်ရုံထောင်မယ်တဲ့။

ကျောက်ထုံးကြီးကျေးရွာကိုလည်း မီးလင်းအောင် လုပ်ပေးမယ် ဆိုတဲ့ မြူဆွယ်ချက်တွေနဲ့ ဆိုတော့ ကျောက်ထုံးကြီးကျေးရွာက လူတွေကလည်း သူတို့ရွာကို
တရုတ်တွေ လွှမ်းမိုးတော့မယ် ဆိုတာ ဘာသိမှာတဲ့လဲပျော်နေကြတာပေါ့။

သူတို့ရွာလေး ဒုတိယမောင်းကုန်းဖြစ်တော့မယ်ဆိုတာ မသိကြရှာသေးဘူး၊ ဒီတော့ သူတို့ရွာကလေး
မြန်မာရနံ့နဲ့ ဝေးတော့မယ့် ကိစ္စကို သိတဲ့ ဧရာဝတီဝက်ဆိုက်ကပဲ ပညာတွေပေးပေးပါဦး၊ ကူညီပေးပါဦး။

နောက်ပြီး နိုင်ငံတော်သမ္မတဆီက တားပေးဆီးပေးဖို့ ကိုလည်း လူထုလိုလားနေကြပါတယ်.ခင်ဗျား...
(ခရီးသွား ဧရာဝတီ)


ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List