Monday, May 28, 2012

အိမ်မဲတွင် အစာအဆိပ်သင့်မှုကြောင့် ၀မ်းပျက်ဝမ်းလျှောဖြစ်

ကမ်းပြိုကျေးရွာမှလူနာတဦး - ဓါတ်ပုံ - "ကရုဏာရှင်" လူငယ်များအသင်း (မြောင်းမြမြို့)
 အိမ်မဲမြို့နယ်အတွင်းရှိဖိုးကယ်ချောင်းကျေးရွာတွင်ယခုလ၁၃ရက်ကအစာအဆိပ်သင့်သောကြောင့်ဝမ်းလျှောဝမ်းပျက်ကာ၂၄ဦးဆေးရုံတင်ထားရပြီးတစ်ဦးသေဆုံးခဲ့သည်။

မင်္ဂလာဆောင်တစ်ခုမှကျွေးသောအစားအသောက်များကြောင့်ဟုရွာသားအချို့ကသံသယရှိကြပြီးအချို့ကမူမဟုတ်မှန်နိုင်ကြောင်း အငြင်းပွားကြသည်။
ထိုမင်္ဂလာဆောင်သို့ လာရောက်ခဲ့သူများထဲမှ ၃၁ ဦးမှာ အစာအဆိပ်သင့်ကာ မူးဝေအော့အန်သောကြောင့်အရေးပေါ်ကုသခဲ့ရပြီး အသက် ၆၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ မြောင်းမြဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဉ် ယခုလ ၂၀ ရက်က သေဆုံးခဲ့သည်ဟု ရွာသားများကပြောသည်။

`၀က်သားဟင်းရယ် ဂေါ်ဖီ၊သင်္ဘောအူ၊ပဲပင်ပေါက်ဟင်းရယ်ကျွေးတယ်။ နောက်ပြီး ရောဂါတွေဖြစ်ကြပေမယ့် မင်္ဂလာပွဲလာတဲ့သူတိုင်းဖြစ်ကြတာ မဟုတ်ဘူး ’ ဟု ကျေးရွာအုပ်ချုပ်ရေးမှုးဦးမြင့်နိုင်က ပြောပြသည်။

၎င်းကပင်ဆက်လက်၍ ယခုရက်ပိုင်းအတွင်းရွာ၌သာရေးနာရေးကျွေးမွေးမှုများစွာရှိနေပြီး အစားစုံစားနေမှုနှင့်ပူပြင်းသော ရာသီဥတုကြောင့် ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

အဆိုပါဝမ်းပျက်ဝမ်းလျှောရောဂါ အနီးအနားကျေးရွာများသို့ပါ ကူးစက်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများကပြောသည်။ ။

သစ်ထူးလွင် (Blog)

No comments:

Post a Comment

My Blog List