Thursday, May 31, 2012

မြင်းခြံမှာလည်း ဖယောင်းတိုင်ထွန်းပြီ

လျှပ်စစ်မီး ရရှိရေးအတွက် ဖယောင်းတိုင် လှုပ်ရှားမှုတွေ မြန်မာပြည်အနှံ့က မြို့တွေကို ကူးစက်နေတာမှာ မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း ဒီနေ့ညနေ ၇ နာရီလောက်က စပြီး မြို့ခံလူထု ၂ထောင်ကျော်က ဖယောင်းတိုင်တွေ ထွန်းညှိပြီး စီတန်းလှည့်လည်ခဲ့ပါတယ်။ မြင်းခြံမြို့ ဆန္ဒတော်ပြည် ဘုရားကနေစပြီး ဗိုလ်ချုပ်လမ်းတလျှောက် ဗိုလ်ချုပ်ကြေးရုပ်၊ နာရီစင်တွေကိုပတ်ပြီး အဲ့ဒီကနေမှ ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ လျှပ်စစ်မီး အပြည့်အ၀ ရရှိရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


ဓာတ်ပုံများ - ရွှေထိုက် (မြင်းခြံ)


ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List