Wednesday, May 30, 2012

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်ကို ချောမောစွာ ရောက်ပြီ

ဘန်ကောက်၊ သုဝဏ္ဏ ဘုမ္မိ လေဆိပ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ ၂၄ နှစ်တာအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ သုဝဏ္ဏ ဘုမ္မိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးသို့ ထိုင်းနိုင်ငံစံတော်ချိန် ၁၀ နာရီ ၁၀ မိနစ်မှာ ချောမောစွာ နဲ့ ရောက်ရှိ လာပါပြီ။
လေဆိပ်မှာ တည်းခိုရာ ရှန်ဂရီလာ ဟော်တယ်သို့ ဒေါ်အောင်ဆန်းစုကြည်စတင်ထွက်ခွာစဉ်

လေဆိပ်မှာတော့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်များ၊ သတင်း မီဒီယာသမားများ၊ ဘန်ကောက်ရောက် မြန်မာနိုင်ငံသားများ၊ ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူများ အလွန် စည်ကားစွာနဲ့ ကြိုဆိုနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လုံခြုံရေး အခြံအရံများ ထူထပ်စွာနဲ့ ၀င်ရောက်လာခဲ့ပါတယ်။

“အမေစု ကျန်းမာပါစေ” ဆိုတဲ့ မြန်မာတွေရဲ့ ဆုတောင်းသံတွေဟာ သုဝဏ္ဏ ဘုမ္မိ အပြည်ပြည်ဆိုင်ရာ လေဆိပ် မှာ ပဲ့တင် ထပ်နေပါတယ်။
သုဝဏ္ဏ ဘုမ္မိ အပြည်ပြည်ဆိုင်ရာ လေဆိပ်

No comments:

Post a Comment

My Blog List