Wednesday, May 23, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အားယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်၌ ကျင်းပနေသည့် (၃၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များ အစည်းအဝေး(နေပြည်တော် ​- မေ ၂၂)
 

          ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးသိန်းစိန်အားယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်၌ကျင်းပနေသည့်(၃၂) ကြိမ်မြောက်အာဆီယံရဲအဖွဲ့ရဲချုပ်များအစည်းအဝေးသို့တက်ရောက်လာသောအာဆီယံနိုင်ငံရဲချုပ်များနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ရဲအဖွဲ့အကြီးအကဲများ၊Interpolရဲအဖွဲ့အတွင်းရေးမှူးရုံးမှကိုယ်စားလှယ်အဖွဲ့များကလာရောက်ဂါရဝပြုတွေ့ဆုံရာနိုင်ငံတော်သမ္မတအိမ်တော်သံတမန်ဆောင်ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။
          ထိုသို့ လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်ကျော်ကျော် ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြပြီး အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ ရဲအဖွဲ့အကြီးအကဲများ အဖွဲ့တို့ တက်ရောက်ကြသည်ဟု သမ္မတရုံး အင်တာနက် စာမျက်နှာမှာဖော်ပြထားပါသည်။

သစ်ထူးလွင်(Blog)

No comments:

Post a Comment

My Blog List