Saturday, May 26, 2012

ဗိုလ်သန်းရွှေစာရေးဆရာ လေဆိပ်က လှည့်ပြန်ရ




ဗိုလ်သန်းရွှေအကြောင်းစာအုပ်ရေးတဲ့ဘင်နဒစ်ရော်ဂျာ(BenedictRogers)မြန်မာပြည်ကိုအင်္ဂါနေ့ကသွားရောက်ခဲ့ပေမယ့်ရန်ကုန်လေဆိပ်ကနေလှည့်ပြန်ခဲ့ရတယ်လို့သိရပါတယ်။သူ့ကို လေဆိပ်တာဝန်ကျ အရာရှိတွေက ရန်ကုန်လေဆိပ်ကနေ နေ့တွင်းချင်း ပြန်လည်ထွက်ခွာစေခဲ့တာဖြစ်တယ် လို့ အဲဒီနေ့မှာ သူနဲ့ တွေ့ဆုံဖို့ စီစဉ်ထားသူတဦးက ဧရာဝတီကို ပြောပြပါတယ်။

ဒီလို ပြန်ပို့ခံရတာဟာ ရော်ဂျာ အတွက် ဒုတိယအကြိမ် ဖြစ်ပါတယ်။

ပထမအကြိမ်တုန်းက ရန်ကုန်မြို့ ဟိုတယ်တခုမှာ ရှိနေတုန်း အာဏာပိုင်တို့က သူ့ကို ခြေရာခံမိသွားတာပါ။
အဲဒီတုန်းက သူရန်ကုန်ရောက်ပြီး တပတ်အကြာ မတ်လ ၂၂ ရက်နေ့မှာ အာဏာပိုင်တွေ သူ့ဆီ ရောက်သွားတာလို့ သိရပါတယ်။

မြန်မာပြည်အသွားမှာ ရန်ကုန်လေဆိပ်ကနေ လှည့်ပြန်ရတာမျိုး ကြုံတွေ့ရတဲ့ နိုင်ငံခြားသားတွေ အများအပြား ရှိပါတယ်။

သူတို့ဟာ ကမ္ဘာအရပ်ရပ် မြန်မာသံရုံးတွေကနေ ပြည်ဝင်ခွင့် (Visa) ရရှိပြီး မြန်မာပြည်ကို သွားကြတာပါ။ ရန်ကုန်လေဆိပ်ရောက်မှ တားဆီးခံကြရတာပါ။

ရော်ဂျာရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး အာဏာပိုင်တို့ သဘောမကျတာတခုခု ရှိလို့ ပြန်ပို့ခံရတာလား၊ သူက အမည်ပျက်စာရင်းထဲ ပါနေလို့လား ဆိုတာကိုတော့ မသိရပါဘူး။

သုတေသီစာရေးဆရာ ရော်ဂျာဟာ လန်ဒန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ ကမ္ဘာတ၀န်း ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ Christian Solidarity Worldwide မှာလည်း တာဝန်ရှိသူတဦး ဖြစ်ပါတယ်။

လတ်တလော မြန်မာပြည်အကြောင်း ရေးထားတဲ့ သူ့ရဲ့ စာအုပ်သစ်အမည်ကတော့ Burma: A Nation At The Crossroads ဖြစ်ပါတယ်။ မကြာခင် ဖြန့်မယ်လို့ ဆိုပါတယ်။

ဆက်စပ် ဖတ်ရှုရန် -

သန်းရွှေကို ဖော်ကောင်လုပ်သူ ပြည်နှင်ဒဏ်ခံရ
http://www.irrawaddyblog.com/2011/03/blog-post_5877.html


“သူ့ကိုယ်သူ စစ်ဘုရင်တပါးလို မြင်တယ်” (ရော်ဂျာ နဲ့ ဧရာဝတီ အင်တာဗျူး)
http://bur.irrawaddy.org/index.php/interview/4-interview/3604-2010-07-10-13-12-23


~

No comments:

Post a Comment

My Blog List