Thursday, May 24, 2012

လျှပ်စစ်မီး ၂၄ နာရီရရှိရေး ဆန္ဒဖော်ထုတ်မှုများ

 

ဒီနေ့ည၇နာရီကစပြီးရန်ကုန်နှင့်နယ်မြို့ကြီးတချို့မှာ၂၄နာရီလျှပ်စစ်မီးရရှိရေးအတွက်ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

ဆူးလေစေတီသို့ ချီတက်လာသည့် ရန်ကုန်က ဆန္ဒဖော်ထုတ်သူများ ဓာတ်ပုံ- ဥက္ကာကိုကို

ရန်ကုန်မြို့မှာတော့ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဆန္ဒဖော်ထုတ်မှု ဒုတိယနေ့အဖြစ် ဒီနေ့ည ၇ နာရီလောက်ကစ၍ ဆူးလေ ဘုရားကို ဗဟိုပြုစုဝေး ရောက်ရှိလာသူ ခန့်မှန်းခြေ လူပေါင်း ၅၀၀ ခန့်ရှိပြီး တားမြစ်ခြင်း ခံရကြောင်း သတင်းရရှိပါတယ်။
တားမြစ်စာ ဖတ်ပြနေသည့် ကိုဟန်ဝင်းအောင် ဓာတ်ပုံ -YPI
ဆူးလေဘုရားအနီး စုဝေးရောက်ရှိလာကြသော ဆန္ဒဖော်ထုတ်သူများ မီးထွန်းညှိမှု မပြုလုပ်ခင်တွင် ရဲလုံခြုံရေး တာဝန်ရှိ သူများက ဟန့်တားကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင် နှင့် ဆန္ဒဖော်ထုတ်သူ တချို့ထံသို့ ရန်ကုန် အနောက်ပိုင်းခရိုင် ရဲမှူးကြီး မျိုးအောင်၏ လက်မှတ်ဖြင့် သတိပေးချက် များပါဝင်သည့် စာကို ပေးအပ်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်သူ တဦးက ဧရာဝတီကို ပြောပါတယ်။
ဓာတ်ပုံ- လင်းအောင်ပြည့်

အဆိုပါ သတိပေးစာထဲတွင် ယခင်စစ်အစိုးရလက်ထက် အမိန့်အမှတ် ၂/၈၈ အရ လူ ၅ ဦးထက် ပိုစုဝေးခွင့် မရှိ၍ တည်ဆဲ ဥပဒေ ချိုးဖောက်ပါက ဖမ်းဆီး အရေးယူနိုင်ကြောင်း၊ လျှပ်စစ်မီး ကိစ္စနှင့်ပတ်သက်၍ လက်ရှိ အခြေအနေကို နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ၍ ပြည်သူကို အသိပေးထားပြီးဖြစ်ကြောင်း သို့အတွက် ဆက်လက် စုဝေးခြင်းမပြုရန် တားမြစ် ကြောင်း ဖော်ပြထားတယ်လို့ သိရပါတယ်။

ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ အဖွဲ့

ဆန္ဒဖော်ထုတ်သူများက အေးချမ်းစွာ ရင်ဆိုင်ဖြေရှင်းပြီး လူစုခွဲခဲ့ကြောင်း၊ လမ်းဘေးဝဲယာမှ အားပေးထောက်ခံသူ ထောင်နှင့်ချီကြောင်း ဆန္ဒပြသူ တဦးက ဆိုပါတယ်။

အလားတူ ယနေ့ ည ၇ နာရီခန့်က တောင်ဒဂုံမြို့နယ်မှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင် နဲ့ လုပ်ဖော်ကိုင်ဘက်တချို့ ဦးဆောင်ကာ ဖယောင်တိုင်မီးများ ထွန်းညှိပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြကြောင်းလည်း သိရပါတယ်။



ပေါင်းတည်မြို့ ရန်ကုန် -ပြည် လမ်းမပေါ်မှာ လူပေါင်း ၅၀၀ ခန့်က ဖယောင်းတိုင်မီးများ ကိုင်ဆောင်၍လည်းကောင်း၊ မန္တလေးမြို့တွင် ဖယောင်းတိုင်အပြင် မီးဒုတ်များပါ ကိုင်ဆောင်၍လည်းကောင်း ဆန္ဒဖော်ထုတ်ကြတယ်လို့ သတင်းရရှိပါတယ်။



ဓာတ်ပုံ- ဥက္ကာကိုကို






No comments:

Post a Comment

My Blog List