Monday, April 09, 2012

ဒီချုပ်နဲ့ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တွေ့ဆုံ


KNUငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သားများနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ယနေ့နံနက်ဆယ်နာရီခွဲအချိန်တွင်သူ့နေအိမ်ဝယ်တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံကြရာဝယ် KNU ငြိမ်းချမ်းရေ...းဖော်ဆောင်ရေးအဖွဲ့သားများက ၄င်းတို့၏ တိုင်းပြည်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းစဉ်များအားပြောကြားခဲ့ပြီး၊ ရှေ့လုပ်ငန်းစဉ်များအားလည်းဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
"အခုတွေ့ဆုံမှုဟာ အင်မတန်ထူးခြားတဲ့ဖြစ်ရပ်တစ်ခုပါ။ NLD ရဲ့ ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ဖို့အတွက် တိုင်းရင်းသားများအားလုံး စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်မှာ ပါဝင်ရမယ်လို့ ကျွန်မတို့အနေနဲ့ ယုံကြည်ထားပါတယ်။ ခုလိုတွေ့ဆုံရာမှာ အမြင်ချင်းဖလှယ်နိုင်တယ်၊ တိုင်ပင်နိုင်ကြတယ်။ အမျိုးသားရင်ကြားစေ့ရေးကိုအများကြီးအထောက်အကူပြုနိုင်တယ်။ ကျွန်မတို့ အမြင်ချင်းတူညီနေတယ် ဆိုတာကို လည်းတွေ့ရပါယ်။ ဒါဟာ နောင်ညီညွတ်မယ့် အလားအလာကောင်းလို့ယုံကြည်ပါတယ်" ဟုပြောကြားခဲ့သည်။

ထို့နောက် စာနယ်ဇင်းဆရာတို့ မေးမြန်းသည်တို့ကို ပြန်လည်ရှင်းလင်းဖြေကြားကြပြီး အခမ်းအနားကို နေ့လည် တစ်နာရီခွဲတွင်ရုတ်သိမ်းခဲ့သည်။

No comments:

Post a Comment

My Blog List