Saturday, April 14, 2012

ပွင့်လင်းလူ့အဖွဲ့အစည်း သင်္ကြန်အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းသို့သွားမည်

 
၈၈မျိုးဆက်ကျောင်းသားများအနေနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့စည်းရုံးရေးခရီးစဉ်အဖြစ်သင်္ကြန်ပြီးတဲ့နောက်ပိုင်းမှာရှမ်းပြည်မြောက်ပိုင်းကလားရှိုးမြို့ကိုသွားရောက်မယ်လို့သိရပါတယ်…ကိုမင်းကိုနိုင်၊ကိုဂျင်မီ၊ကိုပြုံးချို၊ကိုမြအေး၊ကိုထွန်းမြင့်အောင်နဲ့ကိုကျော်ကိုကို၊ကိုဒီငြိမ်းလင်း၊ကိုစည်သူမောင်တို့ကသွားရောက်စည်းရုံးသွားမှာဖြစ်ပါတယ်..
အဲ့ဒီလိုသွားရောက်စဉ်မှာ၁၉၉၀ခုနှစ်ကရွေးကောက်ပွဲဝင်ခဲ့တဲ့ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊၂၀၁၀ရွေးကောက်ပွဲမှာပါဝင်တဲ့ရှမ်းတိုင်းရင်းသားဒီမိုကရေစီပါတီတို့မှဒေသခံများ၊ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့အစည်းများနဲ့တွေ့ဆုံသွားမယ်လို့လည်းသိရပါတယ်..
အဲ့ဒီလိုတွေ့ဆုံတဲ့အချိန်မှာကျန်းမာရေး၊ပညာရေးနဲ့ဒေသအတွင်းမှာရှိတဲ့ပြည်သူလူထုရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကိုဆွေးနွေးသွားမယ်လို့သိရပါတယ်..

No comments:

Post a Comment

My Blog List