Tuesday, April 10, 2012

ငါးထောင်တန် ဆင်းကဒ် ရရှိရေး လှုပ်ရှားမှုပြုလုပ်

news image
ဧပြီလ(၉)ရက်နေ့နေ့လည်၁၂နာရီဝန်းကျင်ကကိုထင်ကျော်ဦးဆောင်သည့်ကုန်ဈေးနှုန်းကျဆင်းရေးအင်အားစုက၅ထောင်တန်ဆင်းကဒ်ရရှိရေးလှုပ်ရှားမှုအဖြစ်ရန်ကုန်မြို့သိမ်ကြီးဈေးအနီးမဟာဗန္ဓုလလမ်းမပေါ်တွင်လက်ကမ်းကြော်ငြာများဝေငှကြသည်။

လက်ကမ်းကြော်ငြာ တောင်းယူသူလမ်းဘေးဈေးသည်တဦးက“ဒီကိစ္စကိုအားပေးတယ်။ငါးထောင်ဖုန်းကို မျှော်လင့်ပါတယ်” ဟု YPI သို့ပြောသည်။

ငါးထောင်တန်ဖုန်းကဒ်ရရှိရေးလှုပ်ရှားမှုအဖြစ်လှုပ်ရှားသူ၈၀ဦးခန့်ကလက်ကမ်းကြော်ငြာအရွက်ရေ၂ သောင်းခန့်ယူဆောင်လာပြီးစာရွက်ကုန်သည်အထိ ဖြန့်ဝေမည်ဟုလှုပ်ရှားသူတဦး ကပြောသည်။
ကုန်ဈေးနှုန်းကျဆင်းရေးအင်အားစုကယနေ့နံနက်၁၀နာရီဝန်းကျင်ကလည်းကမာရွတ်လှည်းတန်းတွင်လက်ကမ်းစာရွက်ဝေငှသည့်လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်ဟုလှုပ်ရှားမှုကိုဦးဆောင်သူကိုထင်ကျော်က ပြောသည်။
ထိုသို့ဝေငှနေစဉ်အရပ်ဝတ်လုံခြုံရေးဝန်ထမ်း၎၊၅ဦးကလက်ကမ်းစာရွက်၁ သောင်းခွဲဝန်းကျင်ကိုသိမ်းယူသွားခဲ့ကြောင်းလည်း လှုပ်ရှားသူများက ပြောသည်။
ယနေ့ဧပြီလ၉ရက်နေ့သည်ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင်၂သိန်းတန်ဂျီအက်စ်အမ်ဆင်းကဒ်စတင်ရောင်းချသည့် နေ့လည်းဖြစ်သည်။
ယခင်လပိုင်းများကဆင်းကဒ်တကဒ်ကိုကျပ်၅ ထောင်ဖြင့်ရောင်းချနိုင်သည်ဟု ရွှေပြည်တံခွန်ပုဂ္ဂလိကပိုင်ကုမ္ပဏီတခုကသမ္မတထံသို့အဆိုပြုလွှာတင်သွင်းခဲ့ကာသတင်းမီဒီယာများသို့လည်း ပြောကြားခဲ့သဖြင့်လူထုအကြား ငါးထောင်တန်ဖုန်းကဒ်မှာ လူစိတ်အ၀င်စားဆုံး ကိစ္စတရပ်ဖြစ်လာခဲ့သည်။

မိုးမခ(Blog)

No comments:

Post a Comment

My Blog List