Sunday, April 08, 2012

ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင်သရုပ်ဆောင်မည့်သူများ လူတွေ့စစ်ဆေး


ယနေ့၂၀၁၂ခုနှစ်ဧပြီလ၇ရက်နံနက်၉နာရီတွင်ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံး၌ဗိုလ်ချုပ်အောင်ဆန်း၏နေရာတွင်သရုပ်ဆောင်ရန်ပဏာမရွေးချယ်ထားသော၁၄ဦးအနက်လာရောက်သူ (၁၃)ဦးအားလူတွေ့စစ်ဆေးခဲ့ကြပါသည်။
သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ နှင့် အကဲဖြတ်ဒိုင်လူကြီးများဖြစ်ကြသော ဦးညွှန့်ဝင်း ၊ ဦးအောင်လွင် ၊ ဦးကြည်စိုးထွန်း ၊ ဦးချစ်ဦးညို ၊ ဒေါ်ဆွေဇင်ထိုက် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ကြည်ဖြူသျှင် ၊ ဦးဇင်ဝိုင်း ၊ ဦးလူမင်း ၊ ဦးဝေဠုကျော် နှင့် ဦးဇာဂနာ တို့မှ အကဲဖြတ် စစ်ဆေးခဲ့ကြပါသည် ။ မကြာမီ နောက်ဆုံးဆန်ကာတင် ၃ ဦး စာရင်းကို သတင်းထုတ်ပြန်ကြေညာ ပေးမည် ဖြစ်ပါသည် ။ သရုပ်ဆောင်ရွေးချယ်ရေး နှင့် ပတ်သတ်သော အခြား သတင်းထုတ်ပြန်ချက်များရှိလျှင် လည်း ဆက်လက်ပြီး အသိပေး ထုတ်ပြန် ပေးသွား မည် ဖြစ်ပါသည်။

By: Bogyoke Aung San Movie

No comments:

Post a Comment

My Blog List