Monday, April 09, 2012

ရေခဲထု ပြိုကျမှုပါကစ္စတန်စစ်စခန်းတစ်ခုကိုဖုံးလွှမ်း


ဟိမ၀န္တာရှိကက်ရှ်မီးယားဒေသ၊ဆီယာချန်ရေခဲမြစ်တွင်ရေခဲထုပြိုကျမှုအတွင်းပါကစ္စတန်စစ်စခန်းတစ်ခုကိုဖုံးလွှမ်းသွားခဲ့ပြီးနောက်သေဆုံးသူ၁၃၅ဦးအထိရှိလာနိုင်ကြောင်း၊အများစုမှာစစ်သားများဖြစ်နိုင်ကြောင်းပါကစ္စတန်စစ်ဘက်ကဧပြီလ၈ရက်တွင်ထုတ်ပြန်ခဲ့သည်။
ဧပြီလ၇ရက်တွင် ရေခဲထုပြိုကျခဲ့ခြင်းဖြစ်ပြီးစစ်သား၁၅၀ ကျော်၊အနံ့ခံခွေးများ၊ရဟတ်ယာဉ်များဖြင့်တစ်နေကုန် ရှာဖွေခဲ့သော်လည်း အသက်ရှင်သူ တစ်ဦးမှ မတွေ့ခဲ့ကြောင်း သိရသည်။
စစ်တပ်က ဧပြီလ ၇ ရက်တွင် ထုတ်ပြန်ချက်အရ ပျောက်ဆုံးနေသူ မှာ ၁၃၅ ဦးအထိရှိပြီး စစ်သား ၁၂၄ ဦးနှင့် အရပ်သား ၁၁ ဦးဖြစ်ကြောင်း သိရသည်။

ယင်းဒေသတွင် အိန္ဒိယက စစ်သား ၅၀၀၀ ခန့် တပ်စွဲထားပြီး ပါကစ္စတန်က ၂၅၀၀ ခန့် တပ်စွဲထားကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

No comments:

Post a Comment

My Blog List