ယနေ့(၁၁.၄.၂၀၁၂)ရက်နေ့ မြန်မာစံတော်ချိန်ညနေ(၃)နာရီ(၈)မီနစ်အချိန်ကအင်ဒိုနီးရှားနိုင်ငံ၊မြောက်ဆူမတြာကျွန်းရဲ့အနောက်တောင်ဖက်(၂၆၈)မိုင်အကွာပင်လယ်ပြင်အောက်ခံမြေပြင်ပေါ်တွင်အင်အားရစ်ခ်ျတာစကေး(၈.၇)ရှိအင်အားအလွန်ပြင်းထန်သောရေအောက်ငလျင်တစ်ခုလှုပ်သွားခဲ့ပါတယ်။
ဒါကြောင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားခဲ့ပါတယ်။
ယခင်(၂၆.၁၂.၂၀၀၄)ရက်နေ့နံနက်(၇)နာရီခွဲအချိန်တွင်အင်အား(၉.၀)ရှိသောရေအောက်မြေငလျင်လှုပ်ရှားသွားခဲ့ရာဆူနီမီရေလှိုင်းများဖြစ်ပေါ်မှုကြောင့်နိုင်ငံပေါင်း(၉)နိုင်ငံကိုထိခိုက်ခဲ့ရာလူ(၃)သိန်းကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။မြန်မာနိုင်ငံမှာလည်းဆူနာမီရေလှို်းအမြင့်(၃.၅)မီတာ(၁၁ ပေ)ခန့်ရှိသောရေလှိုင်းများတက်ရောက်မှုကြောင့်လူ(၆၁)ဦးသေဆုံးခဲ့ရပါတယ်။အဲဒီအချိန်တုံးကကော့သောင်း၊မြစ်ဝကျွန်းပေါ်နှင့်ရခိုင်ကမ်းရိုးတန်းဒေသများကိုထိခိုက်ခဲ့ရပါတယ်။ ပထမဆုံးရေလှိုင်းကိုနံနက်(၁၁)နာရီခန့်တွင်ရောက်ရှိခဲ့သဖြင့်လှိုင်းရောက်ရန်ကြာချိန်(၃)နာရီခွဲခန့်ကြာမြင့်ခဲ့ပါတယ်။
လက်ရှိဆူနာမီအမြင့်ကို (၆)မီတာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကမ်းခြေတလျှောက်တွင်နေထိုင်သူများအနေဖြင့်မိမိနေထိုင်ရာသို့ဆူနာမီရေလှို်းများလာရောက်ပါကကြိုတင်သိနိုင်သောအချက်များမှာ(၁)ပင်လယ်ရေများကျဆင်းသွားခြင်း၊(၂)ထိုကနောက် ရေလှိုင်းတက်သံများအော်မည်လာလေ့ရှိပါတယ်။အဆိုပါအချက်များတွေ့ရျိပါကအနည်းဆုံးအမြင့်(၁၀)မိတာ(၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန်နှင့်ထိုနေရာတွင်အနည်းဆုံး(၃)နာရီခန့် ကြာအောင်နေထိုင်ကြရန်အကြံပြုပါတယ်။
ဒေါက်တာထွန်းလွင်
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
8 months ago
No comments:
Post a Comment