Thursday, October 17, 2019

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ဧကရာဇ် ထီးနန်းဆက်ခံပွဲသို့ တက်ရောက်မည်


Image may contain: 2 people, people smiling, people standingImage may contain: 2 people, people smiling

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ ဂျပန်ဘုရင်အသစ် နာရူဟီတို ၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် မကြာမီကာလအတွင်း ဂျပန်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး က တရား၀င်သတင်းထုတ်ပြန်ထားသည်။

အသက် ၅၉ နှစ်အရွယ်ရှိ ဂျပန် ဘုရင် နာရူဟီတို၏ နန်းတက်ပွဲကို အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထားခြင်းဖြစ်ကာ နိုင်ငံပေါင်း ၅၀ မှ ခေါင်းဆောင်များနှင့် ကမ္ဘာအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိများ တက်ရောက်မည် ဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြ ထားသည်။
တက်ရောက်မည့်သူများတွင် အင်္ဂလန် အိမ်ရှေ့မင်းသား ချားလ်စ်၊ တရုတ် ဒုတိယသမ္မတ ဝမ် ကီရှန်းတို့လည်း ပါ၀င်သလို မြန်မာနိုင်ငံ၏ ခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်တို့ ပါဝင်ကြောင်းလည်း NHK သတင်းဌာနက အဓိကထား ဖေါ်ပြခဲ့သည်။ဂျပန်ဧကရာဇ် ၏ထီးနန်းဆက်ခံ ပွဲမှာ အောက်တိုဘာ လ ၂၁ ရက် ကနေ၂၃ ရက် အထိ ၃ရက် ကြာမြင့်မည်ဖြစ်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ယခု ဂျပန်ခရီးစဉ်သည် အနည်းဆုံး ၃ ရက်ကြာမြင့်နိုင်သည့် ခရီးစဉ်ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။
ဘီဘီစီသတင်းဌာန၏ သတင်းတစ်ပုဒ်တွင်မူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ ‌အောက်တိုဘာလ ၂၁ ရက်နေ့တွင် ရောက်ရှိဖွယ်ရှိပြီး ဂျပန်ရောက် ရခိုင်အချို့နှင့် ဘင်္ဂလီ(မူရင်းသတင်းတွင် ရိုဟင်ဂျာများ) စုပေါင်း၍ ဆန္ဒပြ သွားမည်ဖြစ်သည်ဟု အဆိုပါဆန္ဒပြပွဲကို စီစဉ်နေသည့် ခေါင်းဆောင်များက ပြောကြောင်း ဖော်ပြထားသည်။
ဘီဘီစီသတင်းဌာနမှ ဆန္ဒပြရန်စီစဉ်နေသည့် ဉီးမောင်သန်းကို ရခိုင်တိုက်ပွဲနှင့် တိုက်ရိုက်ဆက်စပ်နေသည့် ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မကြာမီရက်ပိုင်းအတွင်းက ဂျပန်ခရီးစဉ်တွင် အဘယ့်ကြောင့် ဆန္ဒပြရန် မစီစဉ်သနည်းဟု မေးမြန်းရာ အရပ်သားအစိုးရခေါင်း ဆောင်ကိုသာ ဆန္ဒပြလိုကြောင်းနှင့် စစ်ခေါင်းဆောင်ကို ဆန္ဒမပြလိုခြင်းကြောင့်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ဘီဘီစီသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
‌မောင်မောင်/ Myanmar Harp

No comments:

Post a Comment

My Blog List