Thursday, October 17, 2019

ရွှေမှောင်ခိုဈေးကွက် ပပျောက်အောင် ရွှေဗဟို ဈေးကွက် ဖော်ဆောင်မည်


Image may contain: 2 people, people smiling

ရွှေဗဟိုဈေးကွက်ဖော်ဆောင်ခြင်းက ရွှေမှောင်ခို ဈေးကွက်ပပျောက်အောင် လုပ်ဆောင်သည့် အခန်းကဏ္ဍ တစ်ရပ် အနေဖြင့် ပါဝင်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ကလျာပြည့်ဝေသျှန်က ပြောသည်။

"မှောင်ခိုဈေးကွက် ဆိုတာက ရွှေကဏ္ဍ တစ်ခုတည်းမှာ ရှိတာမျိုး မဟုတ်ဘူး။ ကဏ္ဍတိုင်းမှာရှိတယ်။ ပပျောက်အောင် လုပ်ခြင်း၊ မလုပ်ခြင်းထက် တရားဝင် လူတိုင်း ပါဝင်လို့ရမယ့် ဈေးကွက်မှာ လွယ်လွယ်ကူကူ ရောင်းဝယ်လို့ ရမယ်ဆိုရင်၊ နိုင်ငံတကာကလည်း ရောင်းဝယ်နေလို့ ရမယ်ဆိုရင် ဥပဒေနဲ့အညီ လုပ်ဆောင်တဲ့အခါမှာ မှောင်ခိုဈေးကွက်က သူ့အလိုလို ပျောက်သွား လိမ့်မယ်"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့် ရွှေဗဟိုဈေးကွက် ဖော်ဆောင်နိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဦးတည် ဆောင်ရွက်နေပြီး လက်ရှိတွင် ညှိနှိုင်းမှုများ၊ နည်းဥပဒေများ လုပ်ဆောင်လျက်ရှိသည်ဟုဆိုသည်။
အဆိုပါ ရွှေဗဟိုဈေးကွက်သည် ရောင်းမှု၊ ဝယ်မှု၏ ပလက်ဖောင်းတစ်ခုအနေဖြင့် အဓိက လုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိတွင် ယင်းဈေးကွက် ဖော်ဆောင်မှု အခြေအနေမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေခံမူများ သတ်မှတ်သည့် အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်းသိရသည်။
လက်ရှိ ရွှေဈေးကွက်အတွင်း၌ မသမာသူများ အနေဖြင့် ငွေကြေးအင်အားနှင့်ဖိ၍ ဈေးကစားမှုများ ရှိနေပြီး ယင်းအခြေအနေမျိုးအား ရွှေဗဟိုဈေးကွက် ပေါ်လာပါက ထိန်းချုပ်လာနိုင်မည် ဖြစ်သောကြောင့် အဆိုပါ ဈေးကွက်အား ဖော်ဆောင်ရန် ဆောင်ရွက် နေခြင်းဖြစ်သည်။
ယင်းကဲ့သို့ တရားဝင် ရောင်းဝယ်နိုင်သည့် ရွှေဈေးကွက်မပေါ်မီ မြန်မာ့ရွှေများကို တရုတ်ပြည်သို့ Black Market အနေဖြင့် တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိတွင် One Stop Service Centre ( OSSC)မှ တဆင့် ပြည်ပသို့ တရားဝင် တင်ပို့ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် နိုင်ငံတကာ ဈေးကွက်တွင် မြန်မာ့ရွှေဈေးကွက် နေရာတစ်ခု ရရှိလာမည်ဖြစ်ကာ ပို့ကုန်တန်ဖိုးလည်း တိုးမြှင့် ရရှိလာနိုင်မည်ဖြစ်သည်။
အဆိုပါ One Stop Service Centre ( OSSC)ကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရွှေ၊ ရွှေနှင့်ပြုလုပ်သော လက်ဝတ် ရတနာများ၊ အသုံးအဆောင်ပစ္စည်းများကို ပြည်ပတင်ပို့ရာတွင် သက်ဆိုင်ရာ အခွန်နှုန်းထားမှအပ အခွန်နှုန်းထား (ဝ) ရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းမည်ဆိုပါက အခွန်နှုန်းထား (၁၅) ရာခိုင်နှုန်း၊ (၃၀) ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်က ယင်းပစ္စည်းများအား လွတ်လပ်သော ကုန်သွယ်ခွင့်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့/တင်သွင်းခွင့်ပြုခြင်းကို စက်တင်ဘာ (၃)ရက်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

..............................................................
(Zawgyi)
ရွှေမှောင်ခိုစျေးကွက် ပပျောက်အောင် ရွှေဗဟို စျေးကွက် ဖော်ဆောင်မည်
ေအာက္တိုဘာ ၁၇
ဝေဝေဖြိုး

ရွှေဗဟိုစျေးကွက်ဖော်ဆောင်ခြင်းက ရွှေမှောင်ခို စျေးကွက်ပပျောက်အောင် လုပ်ဆောင်သည့် အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ပါဝင်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ကလျာပြည့်ဝေသျှန်က ပြောသည်။
"မှောင်ခိုစျေးကွက် ဆိုတာက ရွှေကဏ္ဍ တစ်ခုတည်းမှာ ရှိတာမျိုး မဟုတ်ဘူး။ ကဏ္ဍတိုင်းမှာရှိတယ်။ ပပျောက်အောင် လုပ်ခြင်း၊ မလုပ်ခြင်းထက် တရားဝင် လူတိုင်း ပါဝင်လို့ရမယ့် စျေးကွက်မှာ လွယ်လွယ်ကူကူ ရောင်းဝယ်လို့ ရမယ်ဆိုရင်၊ နိုင်ငံတကာကလည်း ရောင်းဝယ်နေလို့ ရမယ်ဆိုရင် ဥပဒေနဲ့အညီ လုပ်ဆောင်တဲ့အခါမှာ မှောင်ခိုစျေးကွက်က သူ့အလိုလို ပျောက်သွား လိမ့်မယ်"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့် ရွှေဗဟိုစျေးကွက် ဖော်ဆောင်နိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဦးတည် ဆောင်ရွက်နေပြီး လက်ရှိတွင် ညှိနှိုင်းမှုများ၊ နည်းဥပဒေများ လုပ်ဆောင်လျက်ရှိသည်ဟုဆိုသည်။
အဆိုပါ ရွှေဗဟိုစျေးကွက်သည် ရောင်းမှု၊ ဝယ်မှု၏ ပလက်ဖောင်းတစ်ခုအနေဖြင့် အဓိက လုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိတွင် ယင်းစျေးကွက် ဖော်ဆောင်မှု အခြေအနေမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေခံမူများ သတ်မှတ်သည့် အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်းသိရသည်။
လက်ရှိ ရွှေစျေးကွက်အတွင်း၌ မသမာသူများ အနေဖြင့် ငွေကြေးအင်အားနှင့်ဖိ၍ စျေးကစားမှုများ ရှိနေပြီး ယင်းအခြေအနေမျိုးအား ရွှေဗဟိုစျေးကွက် ပေါ်လာပါက ထိန်းချုပ်လာနိုင်မည် ဖြစ်သောကြောင့် အဆိုပါ စျေးကွက်အား ဖော်ဆောင်ရန် ဆောင်ရွက် နေခြင်းဖြစ်သည်။
ယင်းကဲ့သို့ တရားဝင် ရောင်းဝယ်နိုင်သည့် ရွှေစျေးကွက်မပေါ်မီ မြန်မာ့ရွှေများကို တရုတ်ပြည်သို့ Black Market အနေဖြင့် တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိတွင် One Stop Service Centre ( OSSC)မှ တဆင့် ပြည်ပသို့ တရားဝင် တင်ပို့ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် နိုင်ငံတကာ စျေးကွက်တွင် မြန်မာ့ရွှေစျေးကွက် နေရာတစ်ခု ရရှိလာမည်ဖြစ်ကာ ပို့ကုန်တန်ဖိုးလည်း တိုးမြှင့် ရရှိလာနိုင်မည်ဖြစ်သည်။
အဆိုပါ One Stop Service Centre ( OSSC)ကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရွှေ၊ ရွှေနှင့်ပြုလုပ်သော လက်ဝတ် ရတနာများ၊ အသုံးအဆောင်ပစ္စည်းများကို ပြည်ပတင်ပို့ရာတွင် သက်ဆိုင်ရာ အခွန်နှုန်းထားမှအပ အခွန်နှုန်းထား (၀) ရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းမည်ဆိုပါက အခွန်နှုန်းထား (၁၅) ရာခိုင်နှုန်း၊ (၃၀) ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်က ယင်းပစ္စည်းများအား လွတ်လပ်သော ကုန်သွယ်ခွင့်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့/တင်သွင်းခွင့်ပြုခြင်းကို စက်တင်ဘာ (၃)ရက်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

My Blog List