Thursday, October 17, 2019

မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူများ အမှု တရားလိုအား စစ်ဆေး

Image may contain: 6 people, people standing and outdoor

မြေနှင့် အခွန်တော်ဥပဒေဖြင့် တရားစွဲဆိုခြင်းခံထားရသည့် မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း မှ တာဝန်ရှိသူများကို အောက်တိုဘာလ ၁၆ ရက်နေ့ က ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူအား စစ်ဆေးခဲ့သည် ။

၎င်းတို့အား ၁၈၈၉ ခုနှစ် အထက်ဗမာပြည်မြေနှင့်အခွန်တော်ဥပဒေ ပုဒ်မ ၆၉ (၂) အရ ပုသိမ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ကော်လိပ်တော်အရာရှိ ဦးညွှန့်လင်း က တရားစွဲဆိုထားခြင်းဖြစ်သည် ။
``ဒီနေ့ တရားလိုဖြစ်သူကို စစ်ဆေးတယ်။ ဒီအဆင့်မှာဆိုရင် တရားစွဲဆိုတဲ့ အချက်မပေါ်ပေါက်တာကို တွေ့ရှိတယ်။ နစ်နာသူ မဟုတ်တဲ့အကြောင်းကို ကျွန်တော့်အနေနဲ့ စစ်ခဲ့တယ်။´´ ဟု တရားစွဲဆိုခံထားရသူ ဗိုလ်မှူး သူရရွှေလှ (ငြိမ်း) ၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးဇော်လွင်ဦး က ပြောသည် ။
ထို့အပြင် တရားလိုဖြစ်သူ ကို မမှန်သက်သေတင်သွင်းမှုဖြင့် အရေးယူပေးရေး မြို့နယ်တရားရုံးထံ ဦးတိုက်လျောက်တိုင်တန်းထားပြီး စစ်ဆေးရန်သင့်မသင့်အား အောက်တိုဘာလ ၃၀ ရက်နေ့တွင် အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည် ။
တရားလို၏ ဦးတိုက်လျှောက်လွှာတင်ပါသည့် ပုသိမ်ကြီးမြို့နယ်စီမံခန့်ခွဲရေးကော်မတီ၏ ဆောင်ရွက်ချက်မှတ်တမ်း ဟူသည့် စာတွင် ကာယကံရှင်များ လက်မှတ်ထိုးထားခြင်းမရှိပဲ သက်သေတင်သည့်အတွက် မမှန်သက်သေတင်သွင်းမှုဖြင့် အရေးယူပေးရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း တရားစွဲဆိုခံထားရသည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ် က ပြောသည် ။
အမှုများတွင် မမှန်သက်သေတင်သွင်းမှုများတွေ့ရှိပါက သက်ဆိုင်ရာ တရားသူကြီးက မမှန်သက်သေတင်သွင်းသူကို စစ်ဆေးအရေးယူရမည်ဖြစ်ပြီး တရားပြိုင်များ၊ စွပ်စွဲခံရသူများအနေဖြင့် တိုင်တန်းအမှုဖွင့်ခွင့်မရှိသော်လည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၇၆ အရ ဦးတိုက်လျောက်ထားခွင့်ရှိသည့်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဦးတိုက်လျောက်မှုကို စစ်ဆေးနိုင်ရန် ရာဇဝတ်အထွေထွေအမှုအမှတ် ၉၃/၂၀၁၉ အရ လက်ခံထားပြီး ကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၉၃ အရ အရေးယူခံရမည်ဖြစ်သည်။
မန်း မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းဆောက်လုပ်မှုအား မန္တလေးတိုင်းဒေသကြီး အစိုးရက ခွင့်ပြုခြင်းမရှိသော်လည်း ဇန်နဝါရီလ ၂၆ ရက်နေ့က ကျောင်းဆောက်လုပ်ရန်အတွက် ပန္နက်ရိုက်သည် ။
မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း (မန္တလေး) ကို ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာရှိ ၈ ဧကခန့် ကျယ်ဝန်းသည့် မြေပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် အုတ်တံတိုင်း ၊ မုခ်ဦး နှင့် အဝီစီတွင်းတူးခြင်း တို့ကိုသာ ဆောင်ရွက်ထားကာ မန္တလေးတိုင်းဒေသကြီး အစိုးရ အနေဖြင့် ဆောက်လုပ်ခွင့်မရခင် လုပ်ငန်းရပ်ဆိုင်းထားရန် စာထုတ်ခဲ့ခြင်းဖြစ်သည် ။
မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)ကို ၂၀၁၆ ခုနှစ်ကလည်းကောင်း၊ မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း(တောင်ကုတ်)ကို ၂၀၁၇ ခုနှစ်ကလည်းကောင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည် ။
Image may contain: 8 people, people standing and outdoor 
Image may contain: 5 people, tree, crowd and outdoor 

No comments:

Post a Comment

My Blog List