Thursday, October 17, 2019

အဝေးသင်ဝိဇ္ဇာ နှစ်ကြိမ်ခွဲသင်မည့်ကိစ္စ လာမည့်နှစ်တွင် စတင်ရန်စီစဉ်နေဟုဆို


Image may contain: 4 people, people smiling, camera
အဝေးသင်ဝိဇ္ဇာဘာသာရပ်များ အနီးကပ်သင်ကြားရက် ငါးရက် နှစ်ကြိမ် ခွဲသင်မည့်ကိစ္စအား လာမည့် ၂၀၂၀ ပြည့်နှစ်တွင် စတင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။ 

"၂၀၂၀ မှာ စတင်ဆောင်ရွက်နိုင်ဖို့အတွက်တော့ စီစဉ်နေပါ တယ်။ တချို့ဆိုလည်း ဒီလိုဆောင်ရွက်တဲ့အတွက် အခက် အခဲရှိနိုင်တဲ့သူတွေရှိတယ်။ ခွင့်မရနိုင်တဲ့လူတွေ၊ ဒါမျိုးဆိုရင်လည်း ကျွန်တော်တို့က ၁၀ ရက်အတွက်ကို သူတို့ရဲ့ YUDE , MUDE မှာ ဘယ်လောက် လက်ခံနိုင်မလဲ၊ ဒီဟာတွေနဲ့ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌အောက်တိုဘာ၁၆ရက် နံနက် ၉ နာရီခွဲကပြုလုပ်ခဲ့သော ၂၀၁၉ ခုနှစ်တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ အခမ်းအနားတွင် မီဒီယာများ၏မေးမြန်းမှုအပေါ် ယင်းကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဝေးသင်ပညာရေး အရည်အသွေးမြင့်မားစေရန် ရည်ရွယ်ပြီး ပုံမှန်တက်ရောက်နေသည့် အနီးကပ်တိုက်ရိုက် ၁၀ ရက်တက်ရမည့်အစား လာမည့်နှစ်မှစ၍မေလတွင်ငါးရက်တစ်ကြိမ်၊ နိုဝင်ဘာလတွင် နောက် ထပ်ငါးရက်အဖြစ် စုစုပေါင်းနှစ်ကြိမ်တက်ရောက်ရန် ပညာရေးဝန်ကြီးဌာနကနေ စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
"ဒါလေးတွေကို Orientation ငါးရက် မေလမှာပေးလိုက်မယ်။ ဒါဆိုရင် သူတို့က အလုပ်လုပ်ရင်းနဲ့ ဒါမှမဟုတ်ရင် ကိုယ်ပိုင်အလုပ်လေးတွေလုပ်ရင်းနဲ့ စာဖတ်မယ်။ သင်ယူမယ်ပေါ့။ ပြီးတော့မှ အနီးကပ် ငါးရက်လာမယ်"ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။
ထိုသို့ဆောင်ရွက်ပါက အဝေးသင်ပညာရေး ယခုထက် အရည်အသွေး ပိုမိုကောင်းမွန်လိမ့်မည်ဟုLondon Open University က သုတေသနလေ့လာဆန်းစစ်ချက်အနေဖြင့် အကြံပြုထားခြင်းဖြစ်ကြောင်း၎င်းက ပြောဆိုသည်။
ထိုသို့ အနီးကပ် ငါးရက်နှစ်ကြိမ်ခွဲတက်ရန် စီစဉ်ခြင်းအပေါ် အဝေးသင် ကျောင်းသား၊ ကျောင်းသူများကဖဲကြိုးနီလှုပ်ရှားမှုများပြုလုပ်၍ ကန့်ကွက်မှုများလည်းရှိခဲ့သည်။
"အဝေးသင်တက္ကသိုလ် ကျောင်း သား၊ ကျောင်းသူတွေက ကျောင်းအပ်တယ်ပေါ့။ ပြီးလို့ရှိရင် အနီးကပ် ၁၀ရက်ပဲ တက်တယ်။ စာမေးပွဲဖြေတယ်ပေါ့။ ဒါလေးကိုသင်ယူမှုနည်းလမ်းလေးနည်းနည်းပြောင်းဖို့လိုပါတယ်။သူတို့တွေသည်လာပြီးတော့ ကျောင်းအပ်တဲ့အချိန်မှာသူတို့ရမယ့် Text Book တွေ၊ သင်ထောက်ကူတွေ၊Study Guide တွေ ဒါတွေကို သူတို့က ဘယ်လိုဖတ်မယ်။ ဘယ်လိုသင်ယူရမယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်" ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။
သတင်း - မင်းမင်းထွန်း
.......................................................................
(Unicode ဖြင့်ဖတ်ရန်)
အဝေးသင်ဝိဇ္ဇာ နှစ်ကြိမ်ခွဲသင်မည့်ကိစ္စ လာမည့်နှစ်တွင် စတင်ရန်စီစဉ်နေဟုဆို
အဝေးသင်ဝိဇ္ဇာဘာသာရပ်များ အနီးကပ်သင်ကြားရက် ငါးရက် နှစ်ကြိမ် ခွဲသင်မည့်ကိစ္စအား လာမည့် ၂၀၂၀ ပြည့်နှစ်တွင် စတင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြား သည်။ "၂၀၂၀ မှာ စတင်ဆောင်ရွက်နိုင်ဖို့အတွက်တော့ စီစဉ်နေပါ တယ်။ တချို့ဆိုလည်း ဒီလိုဆောင်ရွက်တဲ့အတွက် အခက် အခဲရှိနိုင်တဲ့သူတွေရှိတယ်။ ခွင့်မရနိုင်တဲ့လူတွေ၊ ဒါမျိုးဆိုရင်လည်း ကျွန်တော်တို့က ၁၀ ရက်အတွက်ကို သူတို့ရဲ့ YUDE , MUDE မှာ ဘယ်လောက် လက်ခံနိုင်မလဲ၊ ဒီဟာတွေနဲ့ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌အောက်တိုဘာ၁၆ရက် နံနက် ၉ နာရီခွဲကပြုလုပ်ခဲ့သော ၂၀၁၉ ခုနှစ်တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ အခမ်းအနားတွင် မီဒီယာများ၏မေးမြန်းမှုအပေါ် ယင်းကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဝေးသင်ပညာရေး အရည်အသွေးမြင့်မားစေရန် ရည်ရွယ်ပြီး ပုံမှန်တက်ရောက်နေသည့် အနီးကပ်တိုက်ရိုက် ၁၀ ရက်တက်ရမည့်အစား လာမည့်နှစ်မှစ၍မေလတွင်ငါးရက်တစ်ကြိမ်၊ နိုဝင်ဘာလတွင် နောက် ထပ်ငါးရက်အဖြစ် စုစုပေါင်းနှစ်ကြိမ်တက်ရောက်ရန် ပညာရေးဝန်ကြီးဌာနကနေ စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
"ဒါလေးတွေကို Orientation ငါးရက် မေလမှာပေးလိုက်မယ်။ ဒါဆိုရင် သူတို့က အလုပ်လုပ်ရင်းနဲ့ ဒါမှမဟုတ်ရင် ကိုယ်ပိုင်အလုပ်လေးတွေလုပ်ရင်းနဲ့ စာဖတ်မယ်။ သင်ယူမယ်ပေါ့။ ပြီးတော့မှ အနီးကပ် ငါးရက်လာမယ်"ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။
ထိုသို့ဆောင်ရွက်ပါက အဝေးသင်ပညာရေး ယခုထက် အရည်အသွေး ပိုမိုကောင်းမွန်လိမ့်မည်ဟုLondon Open University က သုတေသနလေ့လာဆန်းစစ်ချက်အနေဖြင့် အကြံပြုထားခြင်းဖြစ်ကြောင်း၎င်းက ပြောဆိုသည်။
ထိုသို့ အနီးကပ် ငါးရက်နှစ်ကြိမ်ခွဲတက်ရန် စီစဉ်ခြင်းအပေါ် အဝေးသင် ကျောင်းသား၊ ကျောင်းသူများကဖဲကြိုးနီလှုပ်ရှားမှုများပြုလုပ်၍ ကန့်ကွက်မှုများလည်းရှိခဲ့သည်။
"အဝေးသင်တက္ကသိုလ် ကျောင်း သား၊ ကျောင်းသူတွေက ကျောင်းအပ်တယ်ပေါ့။ ပြီးလို့ရှိရင် အနီးကပ် ၁၀ရက်ပဲ တက်တယ်။ စာမေးပွဲဖြေတယ်ပေါ့။ ဒါလေးကိုသင်ယူမှုနည်းလမ်းလေးနည်းနည်းပြောင်းဖို့လိုပါတယ်။သူတို့တွေသည်လာပြီးတော့ ကျောင်းအပ်တဲ့အချိန်မှာသူတို့ရမယ့် Text Book တွေ၊ သင်ထောက်ကူတွေ၊Study Guide တွေ ဒါတွေကို သူတို့က ဘယ်လိုဖတ်မယ်။ ဘယ်လိုသင်ယူရမယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်" ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။
သတင်း - မင်းမင်းထွန်း

No comments:

Post a Comment

My Blog List