Friday, August 30, 2019

Wisdom Hill ကျောင်းကိုစစ်ဆေးရာ နေရာလွဲမှားဖွင့်သည့်ပြစ်ချက်တခုသာ တွေ့ရှိဟု အခြေခံပညာညွှန်ချုပ် ပြော


Image may contain: 1 person, text

Wisdom Hill ကျောင်းအား စစ်ဆေးခဲ့ရာတွင် နေရာလွဲမှားဖွင့်ထားသည့် အခြေအနေတခုသာရှိပြီး ကျန်သည့်ကိစ္စရပ်များမရှိကြောင်း အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

''နေရာလွဲတယ်ဆိုတာ Register လုပ်ထားတဲ့နေရာမှာပဲ ဖွင့်ရမှာ။ ကျောင်းဆိုတာ နေရာရွှေ့ချင်လို့ရင် သက်ဆိုင်ရာ ဥပဒေအရဆို ဆရာတို့က Order ထုတ်ထားပြီးသားရှိတယ်။ ဒီနေရာမှာပဲ မှတ်ပုံတင်၊ ဒီနေရာမှာပဲဖွင့်ပါ။ နောက်နေရာ Campus တခုကို ပြောင်းဖွင့်တယ်ဆိုရင် ဆရာတို့ဆီကိုအကြောင်းကြား၊ အကြောင်းကြားရင် ဝန်ကြီးရုံးကိုတင်။ တင်ပြီးတော့ ဝန်ကြီးရုံးရဲ့ စီမံခန့်ခွဲမှုကော်မတီမှာနေရာပြောင်း တယ်ဆိုတာကို ဆရာတို့က အဲဒီဥစ္စာကို ခွင့်ပြုချက်တောင်းရတယ်''ဟု ၎င်းကဆိုသည်။
၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေသည့်ကိစ္စများနှင့်ပတ်သက်ပြီး သြဂုတ် ၂၉ ရက်က နေပြည်တော်ပညာ ရေးဝန်ကြီးဌာနကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကိုဖြေကြားခဲ့ခြင်းဖြစ်သည်။
၎င်းက ''သိပ်ပြီးတော့ များများစားစားကြီး ဥပဒေနဲ့မညီတာမျိုးတော့ မရှိဘူး။ ဥပဒေနဲ့ မညီတာတော့ရှိတယ်။ ရှိရင် အဲဒါဘယ်လိုအရေးယူရမလဲဆိုတာ ရှေ့နေချုပ်ရုံးတို့၊ ဘာတို့ကို သဘောထားမှတ်ချက်တောင်း ထားတယ်။ ဥပဒေအကြံဥာဏ်ရယူနေတာပေါ့နော်''ဟု ဆိုသည်။
အဆိုပါ Wisdom Hill အလယ်တန်းနှင့် အထက်တန်းကျောင်းများကို စစ်ဆေးရန် နိုင်ငံတော်သမ္မတက ပညာ ရေးဝန်ကြီးဌာနသို့ ညွှန်ကြားခဲ့သဖြင့် လက်ရှိတွင် အဆိုပါကျောင်းနှင့်ပတ်သက်သည့် စစ်ဆေးတွေ့ရှိခဲ့သည့် အခြေအနေအား သမ္မတရုံးထံ တင်ပြထားပြီးဖြစ်ကြောင်း ဦးကိုလေးဝင်းကပြောကြားသည်။
သို့သော် ပုဂ္ဂလိကကျောင်းများ နေရာပြောင်းရွှေ့သည့်ကိစ္စနှင့်ပတ်သက်၍ ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိဘဲ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်ထားခြင်းသာဖြစ်ကြောင်း၊ ညွှန်ကြားချက်ကိုမလိုက်နာပါက စီမံခန့်ခွဲမှုနည်းလမ်းဖြင့်သာ အရေးယူ၍ရကြောင်း ဦးကိုလေးဝင်းက ရှင်းပြသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် Wisdom Hill ကျောင်းအပြင် တနိုင်ငံလုံးရှိကျောင်းများအား ဥပဒေနှင့်ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်သည်။
ဖူးအောင်
News Watch  

No comments:

Post a Comment

My Blog List