Friday, August 30, 2019

ဂူဂဲနှင့် ယူဘားကုမ္ပဏီ အင်ဂျင်နီယာဟောင်း ခိုးမှုဖြင့် စွဲချက်တင်ခံရ


Image may contain: 1 person, standing and indoor
ဂူဂဲနှင့် ယူဘားကုမ္ပဏီ၏ ဝါရင့်အင်ဂျင်နီယာဟောင်း တစ်ဦးသည် ကားနည်းပညာ လျှို့ဝှက်ချက်များကို ခိုးယူထားကြောင်း ဂူဂဲအပိုင်ဖြစ်သည့် အယ်ဖာဘတ် လုပ်ငန်းစုက စွပ်စွဲကာ ပြစ်မှုကြောင်းအရ တရားစွဲဆိုမှုများကို အမေရိကန်တရားရေးဌာနသို့ တင်သွင်းထားကြောင်း သိရသည်။

အင်ထိုနီလီဗန်ဒေါ့စကီသည် အယ်ဖာဘတ်၏ မောင်းသူမဲ့ကားနည်းပညာအပါအဝင်ကုန်သွယ်ရေး ခိုးမှုပေါင်း ၃၃ မှုဖြင့် တရားစွဲခံထားရခြင်းဖြစ်သည်။
၎င်းသည် အယ်ဖာဘတ်၏ Waymo မောင်းသူမဲ့ကားနည်းပညာကို ၂၀၁၆ ခုနှစ်တွင် ခိုးယူခဲ့ပြီးစင်စစ်တွင် ယူဘား၏ မောင်းသူမဲ့ကားစီမံကိန်းကို စတင်စေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အသက် (၃၉) နှစ်အရွယ် အဆိုပါ အင်ဂျင်နီယာသည် လက်ရှိတွင် ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ထားပြီး ဖော်ပြပါ တရားစွဲဆိုမှုများကိုလည်း ငြင်းဆိုထားသည်။
ယေဘုယျအားဖြင့် ယင်းလျှို့ဝှက် ဖိုင်များထဲမှ တစ်ခုသည် ယူဘား သို့မဟုတ် အခြားမည်သည့်ကုမ္ပဏီ၊ လူပုဂ္ဂိုလ်ထံကို ရောက်ရှိသွားသည်ဖြစ်စေ တစ်ခုတည်းတော့ မဟုတ်ကြောင်း မစ္စတာလီဗန်ဒေါ့စကီး၏ ရှေ့နေက ပြောကြားသည်။
Waymo နှင့် ယူဘားသည် ရှည်လျားသော အငြင်းပွားတရားစွဲဆိုမှုတွင် ပါဝင်ပတ်သက်နေပြီး အဆိုပါ အငှားကား ဝန်ဆောင်မှုကုမ္ပဏီသည် နောက်ဆုံး၌ ၂၀၁၈ ခုနှစ်တွင် ကျေအေးခဲ့ခြင်းဖြစ် သည်။
မစ္စတာ လီဗန်ဒေါ့စကီးသည် ယင်းအမှုစစ်ဆေးခြင်းကို တက်ရောက်ခဲ့ခြင်း မရှိသလို စွပ်စွဲချက်များကိုလည်း လူသိရှင်ကြား သုံးသပ်ပြောဆိုထားခြင်းမျိုးမရှိကြောင်း သိရသည်။


The Standard Time Daily  

No comments:

Post a Comment

My Blog List