Friday, August 30, 2019

ထီးချိုင့်မြို့နယ် တရားရုံးမှ အကြီးတန်းစာရေးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ


No photo description available.

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် တရားရုံးမှ အကြီးတန်းစာရေး(ဘိလစ်စာရေး) ဦးဌေးဝင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူလိုကိကြောင်း ဩဂုတ်လ( ၃၀ )ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ တောင်တန်းကျွန်းစုတွင် တစ်ရွာတည်းနေသူမှ ဓားဖြင့်ခုတ်ခဲ့သဖြင့် တရားခံအား မြို့နယ်တရားသူကြီးမှ ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့မှုအပေါ်ကျေနပ်မှုမရှိ၍ ပြင်ဆင်မှုတက်ရန်ကိစ္စအား ကူညီမည်ဟုဆိုကာ ငွေကြေးတောင်းခံခဲ့သော ထီးချိုင့်မြို့နယ်တ ရားရုံးမှ ဘိလစ်စာရေးအားအရေးယူပေးပါရန် ဤကော်မရှင်သို့တိုင်ကြားခဲ့ကြောင်းသိရသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တရားရုံးမှ အကြီးတန်းစာရေး(ဘိလစ်စာရေး) ဦးဌေးဝင်းသည် ထီးချိုင့်မြို့နယ်တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၁၄၇/၂၀၁၇ အမှုနှင့်ပတ်သက်၍ တရားခံအား ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခံရမှုအပေါ် ပြစ်မှုနှင့် ပြစ်ဒဏ် ညီမျှခြင်းမရှိဟုယူဆ၍ ပြင်ဆင်မှုတက်ရောက်ရန်နှင့် တရားရုံးတွင် နစ်နာကြေးရရှိရေးအတွက် အကူအညီပေးမည်ဟုပြောဆိုကာ ငွေကျပ် ၅၆၆၀၀၀ဝိ/-ကို အကြိမ်ကြိမ်ခွဲ၍ တောင်းခံရယူခဲ့ခြင်းသည် အဂတိလိုက်စား၍ အမှုသည်ထံမှ တံစိုးလက်ဆောင်များရယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၄င်းအားအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့မရဲစခန်းတွင် ဩဂုတ် ၃၀ရက်နေ့တွင် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ကော်မရှင် က သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

My Blog List