Friday, August 30, 2019

တောင်ကိုရီးယားသမ္မတမွန်းဂျေအင်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ထိပ်တန်းဘဏ်အကြီးအကဲကြီးများ လိုက်ပါလာမည်


Image may contain: 3 people, people smiling, eyeglasses, suit and text

တောင်ကိုရီးယားနိုင်ငံ၏ အဓိကစီးပွားရေးဘဏ်ကြီးများမှ အကြီးအကဲများသည် တောင်ကိုရီးယားသမ္မတ၏ အာရှ သုံးနိုင်ငံခရီးစဉ်တွင် သမ္မတ၏ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လာမည့်သတင်းပတ်တွင် မြန်မာနိုင်ငံသို့ လိုက်ပါကြမည်ဟု သိရသည်။

အဆိုပါ ဘဏ်အကြီးအကဲများမှာ ရှင်ဟန်ဘဏ်အကြီးအကဲ ဂျင်အုပ်ဒေါင်။ ကေဘီကွတ်မင်းဘဏ် အကြီးအကဲ ဟာရ် ရင်နှင့် ကိုရီးယားစက်မှုလက်မှုဘဏ် ဥက္ကဋ္ဌ ကင်ဒိုဂျင်တို့ဖြစ်ပြီး သမ္မတမွန်းဂျေအင်း၏ စီစဉ်ထားသည့် စက်တင်ဘာ ၃ ရက်မှ ၅ ရက် မြန်မာခရီးစဉ်တွင် လိုက်ပါလာကြမည်ဖြစ်ကြောင်း ယင်းဘဏ်များ၏ ပြောခွင့်ရပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။ တောင်ကိုရီးယားသမ္မတကြီး မွန်းဂျေအင်းသည် အာရှသုံးနိုင်ငံ ထိုင်း၊ လာအိုနှင့် မြန်မာသို့ ၆ ရက်ကြာ ခရီးလာရောက်မည် ဖြစ်သည်။
ကိုရီးယား Federation of Banks ဥက္ကဋ္ဌ ကင်တေရောင်နှင့် အစိုးရပိုင်ကိုရီး ယားသွင်းကုန်ထုတ်ကုန်ဘဏ် ဒုတိယ ဥက္ကဋ္ဌ Kang Seung joong တို့လည်း ယင်းအဖွဲ့နှင့် လိုက်ပါလာမည်ဟု သတင်းရသည်။ ကိုရီးယားဘဏ်များ ဖက်ဒရေးရှင်း၏ဥက္ကဋ္ဌသည် မြန်မာနှင့်ထိုင်းနိုင်ငံများသို့ သာလိုက်ပါပြီး ယင်းနိုင်ငံများ၏ ဗဟိုဘဏ် ဥက္ကဋ္ဌများနှင့် တွေ့ဆုံမည်ဟု ဆိုသည်။
မကြာသေးမီနှစ်များအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ကိုရီးယားဘဏ်များအတွက် ခက်ခဲရှုပ်ထွေးလှသော်လည်း ဆွဲဆောင်မှုရှိသည့် ဈေးကွက်များအဖြစ် ထွက်ပေါ်လာခဲ့သည်။ ယင်းဒေသများရှိ ပြည်တွင်းကုမ္ပဏီများသည် ကုမ္ပဏီငွေ ကြေးထောက်ပံ့မှုများကို မရမက တောင်းဆိုလျက်ရှိကြသည်။ မြန်မာနိုင်ငံသည် ကိုရီးယားဘဏ် စီအီးအိုများ၏ ရွေးချယ်မှု အရ စီးပွားရေးလုပ်ငန်းတိုးချဲ့မှုကို အဓိက အာရုံစိုက်ရန် စီးပွားရေးဘဏ် အကြီးအကဲများအတွက် အဓိကဈေးကွက်ဖြစ်လာနိုင်မည်ဟု မျှော်လင့်ရသည်။
လတ်တလောအခြေအနေ၌ KB Kookmin, Worri နှင့် Hana ဘဏ်များသည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ် နှင့် ဘဏ်ခွဲများမရှိသေးချေ။ Shinhan Bank သာလျှင် မြန်မာနိုင်ငံ၌ ရုံးခွဲတခု ဖွင့်ထား သည်။ IBK နှင့် Eximbank များကလည်း မြန်မာနိုင်ငံ၌ လုပ်ကိုင်လျက်ရှိသည်။
အစိုးရဦးဆောင်သော ပြုပြင်ပြောင်း လဲရေးလုပ်ငန်းအစိတ်အပိုင်းတရပ်အဖြစ် ၂ဝ၁၁ ခုနှစ်တွင် နိုင်ငံခြား မြီရှင်များကို တံခါးဖွင့်ပေးခဲ့သည်။ သို့သော်လည်း နိုင်ငံခြား စီးပွားရေးလုပ်ငန်းများကို နိုင်ငံခြားငွေကြေးဖြင့် ချေးငှားဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ရာတွင် မြီရှင်တို့၏ လုပ်ငန်းများကို တင်းတင်းကျပ်ကျပ် ကန့်သတ် ထားခဲ့သည်။
မြန်မာအစိုးရသည် နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲများ ထူထောင်ရေးအတွက် ယခုနှစ်ကုန်ပိုင်းတွင် လိုင်စင်များချထား ပေးတော့မည်ဖြစ်ကြောင်း သတင်းများက ဆိုသည်။ ယခင်က ၂ဝ၁၄ နှင့် ၂ဝ၁၆ တွင် ယင်းကဲ့သို့ လိုင်စင်ထုတ်ပေးခဲ့ဖူးသည်။ Shinhan သည် ၂ဝ၁၆ ခုနှစ်တွင် ဘဏ်ခွဲဖွင့်ခွင့်ရခဲ့သည်။ တောင်ကိုရီးယား သည် သမ္မတမွန်း၏ သံတမန်ရေးဦးဆောင်မှုအရ အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းနေသည်။
ထွဋ်ဝင်းထွဋ်
News Watch  

No comments:

Post a Comment

My Blog List