Friday, August 30, 2019

လှိုင်သာယာတွင် အလုပ်သမား ၂၅၀၀ ကျော် ဆန္ဒပြတောင်းဆို


Image may contain: 6 people, crowd and outdoor
မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ၊ အလုပ်သမားဦးစီးဌာနများမှ ဆောင်ရွက်မှုများသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီပါက အစိုးရတာဝန် ရှိသူများ၊ ၀န်ကြီးဌာန တာဝန်ရှိသူများက လျင်မြန်စွာ စည်းကြပ်တည့်မတ်ပေးရန် လှိုင်သာယာတွင် အလုပ်သမား၂၅၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အခြေခံအလုပ်သမားအဖွဲ့အစည်း ၅၀ ကျော်မှ အလုပ်သမား ၂၅၀၀ ကျော်သည် သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ယောအတွင်း ၀န်ဦးဖိုးလှိုင်လမ်းထိပ်မှ ရန်ကုန်-ပုသိမ်လမ်းမကြီးအတိုင်း စီတန်းလမ်းလျှောက်၍BOC အ၀ိုင်းမှ ရန်ကုန်-ညောင်တုန်းလမ်းမကြီးအတိုင်း ရုံးရှေ့မှတ်တိုင်အထိ ဆန္ဒထုတ် ဖော် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
"ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြောချင်တာက အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ ဦးစီးဌာနတွေ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွေက ဆောင်ရွက်ခြင်းရှိ၊ မရှိကို စောင့်ကြည့်ပေးပါ။ စည်းကြပ်ပေးပါ။ ကျွန်မတို့က ကိစ္စတစ်ခုရှိရင်အကြောင်း ကြားပါမယ်။ နောက်တစ်ခုက အဲဒီဥပဒေကို တည့်မတ်တယ်၊ စည်းကြပ်တယ် ဆိုတာကိုပြဖို့က ယခုဖြစ်နေတဲ့ကျောက်တန်းမြို့နယ် သိုးမွေးစက်ရုံမှာဖြစ်နေတဲ့ အငြင်းပွားမှုကို နစ်နာနေမှုခေါ်ယူဖြေရှင်းပေးပါ။ အလုပ်ထုတ်တဲ့ကိစ္စတွေမှာ အလုပ်ပြန်လည် ရယူလိုတဲ့လူတွေကို အဲဒီလို အငြင်းပွားမှုတွေရှိလာတဲ့အခါ ဒီအမှုကအကျိုးစီးပွားဆိုင်ရာအဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အလုပ်ပြန်ရဖို့၊ မရဖို့အလုပ်သမား ဘယ်ဥပဒေမှာမှမရှိဘူး။ ခုံသမာဓိကောင်စီသာလျှင် တစ်နေရာတည်းသော အလုပ်ပြန်ခန့်ခွင့်ကို ဆုံးဖြတ်ပေးနိုင်တဲ့နေရာဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့ အလုပ်သမားတွေအနေနဲ့ အလုပ်ပြန်ရလိုတယ်ဆိုရင် သူတို့သည် EC စာချုပ်ကို မချိုး ဖောက်ထားဘူးဆိုရင် ခုံသမာဓိအဖွဲ့ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးရဖို့လိုပါတယ်။ဒါမှအကျိုးစီးပွားကို စောင့်ရှောက်နိုင်မှာဖြစ်တယ်။ အစိုးရရဲ့တုံ့ပြန်မှုကို တစ်ပတ် ဆယ်ရက်အထိ စောင့်မယ်။ အကယ်၍ ဘာမှတုံ့ပြန်မှုမရှိဘူးဆိုရင် ဒီလိုမျိုး တောင်းဆိုမှုကို ဆက်လုပ်မယ်"ဟု မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM)ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ပြောဆိုသည်။
အလုပ်ပြန်ရလိုသည့်အတွက် တိုင်ကြားသည့်အငြင်းပွားမှုအား အကျိုးစီးပွားအဖြစ် အသိအမှတ်ပြု သတ်မှတ်ဖြေရှင်းပေးရေး၊ အငြင်းပွားမှုများဖြေရှင်းရာ၌ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အတိုင်း"အငြင်းပွားမှု"ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီအကောင်အထည် ဖော်ဆောင်ရွက်ပေးရေး၊ ကျောက်တန်းမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိသည့်အတွက် အလုပ်ပြန်လည် ရရှိခွင့် ဆုံးရှုံးသွားသည့် အလုပ်သမားကိုယ်စားလှယ်နှစ်ဦး၏ နစ်နာမှုအား ဖြေရှင်းပေးရေးစသည့်ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
"သန်လျင်မြို့နယ်မှာရှိတဲ့ သိုးမွေးစက်ရုံ အလုပ်သမားခေါင်းဆောင်တစ်ဦးနှင့်အမှုဆောင်တစ်ဦးကို အလုပ်ထုတ် လိုက်တယ်။ အလုပ်ထုတ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တော့ ဒီအမှုကို အကျိုးစီးပွားအဖြစ် မသတ်မှတ်ဘဲ အခွင့်အရေးအဖြစ် သတ်မှတ်ပြီး ဘော်လီဘောပုတ်သလိုပေါ့။ ဟိုပို့လိုက်၊ ဒီပို့လိုက်နဲ့ နောက်ဆုံးကျတော့ စီရင်ခွင့်ရှိသော တရားရုံးကိုသွားပါဆိုပြီးဆုံးဖြတ်လိုက်တယ်။ လှိုင်သာယာမှာဆို အလုပ်ထုတ်မှုကိုခုံသမာဓိ၊ ခုံကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပေးတယ်။ ကျောက်တန်းမှာအဲဒီလိုမျိုးလုပ်လိုက်တယ်။ ကျွန်တော်တို့ အထုတ်ခံရတဲ့ အလုပ်သမားကလည်း ရိုးရိုးအထုတ်ခံလိုက်ရတာမဟုတ်ဘူး။ လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းခွင့် ဖွဲ့တဲ့ခေါင်းဆောင်တွေကိုပဲ၊ အလုပ်သမား အခွင့်အရေးတောင်းပေးတဲ့ ခေါင်းဆောင်တွေကိုပဲ သူတို့ထုတ်တာ။ သူတို့ အဲဒီလို သာ လုပ်နေမယ်ဆိုရင် မြန်မာနိုင်ငံမှာ လွတ် လပ်စွာအသင်းအဖွဲ့ ဖွဲ့တယ်ဆိုတဲ့ အလုပ်သမားခေါင်းဆောင်တွေက အညွှန့်တုံးသလို တုံးတော့မှာ။ ဒီနေ့ ရည်ရွယ်ချက်ကတော့လှိုင်သာယာမှာရှိတဲ့၊ ပဲခူးမှာရှိတဲ့၊ အင်းစိန်မှာရှိတဲ့ ကျွန်တော်တို့ IWFM နဲ့ CTUM အဖွဲ့ဝင်တွေ၊ ရုံပေါင်း ၄၁ ရုံက အလုပ်သမားတွေ စုပေါင်းတောင်းဆို ရတာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM )စည်းရုံးရေးမှူး ဦးမျိုးမင်းဝင်းက ပြောဆိုသည်။
ယခင်အလုပ်သမားဆန္ဒပြပွဲများသည် အများအားဖြင့်အလုပ်ပိတ်ရက် တနင်္ဂနွေ နေ့များတွင်လုပ်လေ့ရှိသော်လည်း ယခုအခါတွင် ကြာသပတေးနေ့ အလုပ်ဖွင့်ရက်တွင် ဆန္ဒပြပွဲကျင်းပရခြင်းမှာ ဥပဒေ တွင် ပြဋ္ဌာန်းထားသည့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နှင့် အခြေခံအလုပ်သမားအဖွဲ့များ ဖွဲ့ရာတွင် အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံ အကျိုးစီးပွားအတွက်သာ ဆောင်ရွက်ခဲ့သော်လည်း ကျောက်တန်းတွင် ဖြစ်ပွားခဲ့သည့်အလုပ်သမားပြဿနာသည် မတရားခံရသည့်အတွက် အလုပ်ဖွင့်ရက်နေ့တွင်အလုပ် သမားများအနေဖြင့်လုပ်ခ၊ လစာများ အနစ်နာခံ၍ ဆန္ဒပြတောင်းဆိုရခြင်း ကို လုပ်ငန်းရှင်များပါ သိရှိစေရန် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
သတင်း - ဝေယံဟိန်း

The Standard Time Daily Standard Time Daily 
သတင်း - ဝေယံဟိန်း

No comments:

Post a Comment

My Blog List