Thursday, June 13, 2013

ကချင်ပြည်နယ်အတွင်း နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်မည့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ စတင်ရန် အဆင်သင့် ဖြစ်နေ

Thursday, June 13, 2013
ကချင်ပြည်နယ်အတွင်း နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်မည့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ စတင်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေထံမှ သိရသည်။
"မိုင်းရှင်းလင်းဖို့အတွက် သင်တန်းပို့ချတာတွေ ပြီးစီးသွားပြီး။ ပူးပေါင်းလုပ်ဆောင်မယ့် ဆွစ်ဇာလန်နိုင်ငံနဲ့ အဓိကထား လုပ်ဆောင်သွားမယ်။ သူတို့ အဆင်သင့် ဖြစ်နေပါပြီ" ဟု ဦးသန်းထွဋ်ဆွေက ဆိုသည်။ ယင်းအပြင် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီး သွားပါက အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်လည်း အဆင်သင့် ဖြစ်နေပြီး ဖြစ်ကြောင်း၊ နေရပ်မပြန်လို သူများအတွက် လက်ရှိနေထိုင်သည့် နေရာများတွင် နေအိမ်များ ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း ဦးသန်းထွဋ်ဆွေက ဆိုသည်။ နယ်မြေ မတည်ငြိမ် မှုများကြောင့် ကချင်ပြည်နယ် အစွန်းပိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့အတွင်း ရွှေ့ပြောင်းနေထိုင် သူများမှာ သောင်းချီလျက်ရှိပြီး ၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှ ၂၀၁၂ ခုနှစ် ကုန်အထိ တပ်မတော်နှင့် ကေအိုင်အိုအကြား စစ်ပွဲပေါင်း ၂၄၀၀ ကျော် ရှိခဲ့ပြီး စစ်ဘေးရှောင် ဒုက္ခသည် ၁၆၀၀၀၀ ကျော် ရှိနေသည်။

No comments:

Post a Comment

My Blog List