Wednesday, June 12, 2013

ဘုရင့်နောင်တံတားပေါ်မှ အမျိုးသမီးတစ်ဦးရေထဲခုန်ချ


Wednesday, June 12, 2013

၁၁.၆.၂၀၁၃ရက်နေ့ ၁၇၁၀အချိန်အတွင် လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားဟောင်း ရေလယ်တိုင်အမှတ်
(၄)နှင့် (၅)ကြားမှ အမျိုးသမီးငယ်တစ်ဦး ရေထဲခုန်ချခဲ့ရာ တံတားသစ်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ဇက်ရေယာဉ်အမှတ်(၁၁၀) ပြည်တွင်းရေကြောင်းပိုင်ရေယာဉ်ပေါ်တွင် ရှိနေသူ ဦးချမ်းမြေ့သော် (စက်ကိုင်) မှ တွေ့မြင်သဖြင့်ဆယ်ယူကယ်တင်ခဲ့ပါသည်။ အဆိုပါအမျိုးသမီးငယ်အား မေးမြန်းရာဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ သူဌေးကုန်းရွာနေ မ---၊(၂၀)နှစ်ဖြစ်ကြောင်း၊၄င်းမှာ လွန်ခဲ့သော(၃)ရက်ခန့်က လှိုင်သာယာမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်ကာ အလုပ်လုပ်ကိုင် နေသူဖြစ်ကြောင်း၊အကြွေး(၁၀)သိန်းခန့် ပေးဆပ်ရန်ရှိသဖြင့်စိတ်ညစ်ပြီး ရေထဲသို့ခုန်ချခဲ့   ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

မ----အားလှိုင်သာယာဆေးရုံတွင်တင်ပို့ကုသမှုခံယူစေလျက်ရှိပြီးဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သ တင်း ရရှိ ပါသည်။

No comments:

Post a Comment

My Blog List