Wednesday, June 12, 2013

စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်အဆောက်အဦများပျက်စီး


Wednesday, June 12, 2013

၁၀-၆-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဆည်ကြီးတော ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကန်းနီမချောင်း တောင်ကျရေစီးဆင်းကာ ချောင်းဘေးရှိ ဆည်ကြီးတောရွာမှ ဒေါ်ကြည်မာသင်း၏ ထန်းရွက်မိုး/ထရံကာနေအိမ် ၁ လုံးနှင့် ဦးဝင်း၏ နွားတဲ ၁ လုံး ပြိုကျပျက်စီးခဲ့ပြီး ဦးမျိုးလွင်၏ ၀က် ၁ ကောင်၊ ဦးဂျစ်တူး၏ ၀က် ၁ ကောင်နှင့် အိမ်ထောင်စု ၄၁ စုမှ နေအိမ်အောက်တွင်ထားရှိသည့် အသုံးဆောင်ပစ္စည်းများ ရေစီးနှင့်အတူမျောပါသွားခဲ့သည်။

၁၁-၆-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန်တွင် ချောင်းရေပြန်ကျခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဆုံးရှုံးမှု တန်ဘိုးမှာ ကျပ်သိန်း(၅၀)ခန့်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ၁၁-၆-၂၀၁၃ ရက်နေ့ ၁၈၂၀ အချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကိုးဆူကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာသုံးသောက်ရေကန်အတွင်းသို့ ရေများစီးဝင် ရာမှ ရေလျှံပြီး ကိုးဆူဘုန်းကြီးကျောင်းအတွင်းသို့ ရေများစီးဝင်မှုကြောင့် ကျောင်းမြောက်ဘက်တွင် ကာရံထားသည့်အုတ်တံတိုင်း၏ အမြင့် ၅ ပေ၊ အရှည် ၆ ပေရှိ အခန်း ၁၀ ခန်း ပြိုကျပျက်စီးကာ တန်ဘိုးငွေကျပ်(၃၀၀၀၀၀ိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

My Blog List