Thursday, June 13, 2013

ကူဆာမြို့ ကျဆုံးသွားပြီးနောက် ဆီးရီးယား အတိုက်အခံများထံ အင်အား ဖြည့်တင်းပေးရန် ပြင်သစ်သုံးသပ်

Thursday, June 13, 2013

ဆီးရီးယား တပ်ဖွဲ့ဝင်များသည် အတိုက်အခံများ သိမ်းပိုက်ထားသော အယ်လ်ကူဆာမြို့အား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များထံသို့ လက်နက်များ ပြန်လည်ဖြည့် တင်း ပေးရန်အတွက် ပြင်သစ်နိုင်ငံ အနေဖြင့် စဉ်းစားသုံးသပ်လျက် ရှိကြောင်း သိရသည်။ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူ ဖိလစ်လိုင်လော့က ကူဆာမြို့ နှင့် အလက်ပိုမြို့တွင် မည်သို့ဖြစ်ပျက် နေသည်ကို စောင့်ကြည့်သွားပြီး ၎င်း၏ ပထမဆုံး အကျိုးဆက်အဖြစ် အတိုက်အခံ ညွန့်ပေါင်း တပ်ဖွဲ့များနှင့် ရင်းနှီးမှုအား ခိုင်မြဲအောင် ချည်နှောင်သွားမည် ဖြစ်ကာ ပထမဆုံး ခြေလှမ်းတစ်ရပ်အဖြစ် လက်နက်များကို တင်ပို့သွားမည် ဖြစ်ကြောင်း ဇွန် ၁၁ ရက်က ပြောကြားခဲ့သည်။ ထို့နောက် ၎င်းက ယခုသီတင်း ပတ်အကုန်တွင် လွတ်လပ်သော ဆီးရီးယား တပ်မတော် ခေါင်းဆောင် စလင်းမ် အိုင်းဒရစ်(စ်)နှင့် တွေ့ ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

အမည်မဖော် လိုသူ အရာရှိတစ်ဦးက အမေရိကန်၊ ဆော်ဒီအာရေးဗီးယား၊ တူရကီနှင့် အခြား မဟာမိတ် နိုင်ငံများနှင့် ပူးပေါင်း၍ ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များအား မည်ကဲ့သို့ အင်အား တောင့်တင်းအောင် ဆောင်ရွက်ပေးရမည်ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

No comments:

Post a Comment

My Blog List