Thursday, December 12, 2013

သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသော အစောဆုံး ကျောက်စာအဖြစ် ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ကျောက်စာ မြစ်သားမြို့၌ တွေ့ရှိ

Thursday, December 12, 2013

ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ ကျော က်စာအား မြစ် သားမြို့၌ တွေ့ရှိခဲ့ပြီး မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသည့် ကျောက်စာများအနက် အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်ကြောင်း ပညာရှင်များ၏ ရှာဖွေတွေ့ရှိ ချက်များအရ သိရသည်။

ပုဂံခေတ် စောလူးမင်း၏ ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုး ထားသည့် ကျောက် စာကို မြစ် သား မြို့ ပေတောကျောင်းတိုက် အတွင်းမှ နိုဝင်ဘာ ၁၇ ရက်က စတင်တွေ့ရှိခဲ့ပြီး တွေ့ရှိ ချိန် ၌ ကျောက်စာချပ် သုံးချပ်ကို တွေ့ရှိခဲ့ကာ နိုဝင်ဘာ ၂၇ ရက်တွင် နောက်ဆုံးကျန် ရှိနေသ ည့် ကျောက်စာချပ်အား ထပ်မံတွေ့ရှိခဲ့သည်။
စောလူးမင်း ရေးထိုးစိုက်ထူခဲ့သည့် ကျောက်စာသည် တိုင်းရင်းသား ဘာသာစကား ခြောက် မျိုးဖြင့် နှစ်ဖက်ရေးထိုးထားသည်ကို တွေ့ရှိရသည်။ အဆိုပါ ကျောက်စာ၌ ပါဠိဘာသာဖြင့် အများဆုံး ရေးထိုးထားရာဘက်တွင် မြန်မာဘာသာဖြင့် ရှစ်ကြောင်း၊ ပျူပါဠိဖြင့် ၁၄ ကြောင်းနှင့် ပျူစာစစ် စစ် ခုနစ်ကြောင်း စာကြောင်းရေ စုစုပေါင်း ၂၉ ကြောင်း ပါရှိသည်။ မွန်စာ အများဆုံးဖြင့် ရေး ထိုးထားရာဘက်၌ ပါဠိဘာသာဖြင့် ရှစ်ကြောင်း၊ မွန်ဘာသာဖြင့် ၁၅ ကြောင်း၊ ကျွမ်း (သို့မဟုတ်) ယွန်းဘာသာဖြင့် လေးကြောင်းဖြင့် စာကြောင်းရေ စုစုပေါင်း ၂၇ ကြောင်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိထားသည့် ကျောက်စာများ အနက်မှ ဘာသာစ ကား ခြောက်မျိုးဖြင့် ရေး ထိုးထားသောကြောင့် ဘာသာအများဆုံး ပါရှိသည့် ကျောက်စာတစ်ချပ် ဖြစ်သည်။ ယင်းကျောက်စာ ကို စောလူးမင်းမှ မြန်မာသက္ကရာဇ် ၄၁၅ ခုနှစ်တွင် ရေးထိုးခဲ့ပြီး ကျောက်စာ၌ စောလူးမင်းသည် မိမိကိုယ်အတိုင်းအတာ ပမာဏရှိသော ဆင်းတုတော် တစ်ဆူကို ဘုရား၌ လှူသည်။ ရွှေဆင်းတု နှစ်ဆူကို ဌာပနာသည်။ ကျွန် ၁၀၀၊ နွားအရှဉ်း ၁၀၊ လယ် ၁၀၀ ပယ်နှင့် စပါးတင်း ၁၀၀၀ ကို ရေစက်သွန်းချ လှူဒါန်းသည်" ဟု မွန်ကဗျည်းကျောက်စာ ပညာရှင် ဦးနိုင်ဘရှင်၏ ဘာသာပြန်ဆို ထားချက်အရ သိရသည်။

ပုဂံခေတ်တွင် ရေးထိုးခဲ့သည့် ကျောက်စာများတွင် ကျန်စစ်သား မင်းကြီး၏သားတော် ရာဇကုမာကျောက် စာ (မြစေတီ)မှာ မြန်မာသက္ကရာဇ် ၄၇၅ ခုနှစ်တွင် ရေးထိုးခဲ့သောကြောင့် ယင်းကျောက်စာထက် ယခုတွေ့ရှိထားသည့် စောလူးမင်းကျောက်စာ (၄၁၅ ခုနှစ်)မှာ နှစ်ပေါင်း ၆၀ ခန့် စောခဲ့သည်ဟု ပညာရှင်များက ပြောဆိုခဲ့သည်။

"ပုဂံခေတ်မှာ ကျောက်စာတွေ ရေးထိုးတာက အနော်ရထာခေတ်မှာလည်း ရှိခဲ့ပေမယ့် သူရေးထိုးထားခဲ့ တဲ့ ကျောက်စာက မူရင်းမရှိတော့ပဲ နောက်ထပ်တစ်ဆင့်ထိုး ဖြစ်နေတာကြောင့် အခုတွေ့ထား တဲ့ စောလူးမင်း ကျောက်စာက အစောဆုံး ဖြစ်တယ်လို့ ပြောလို့ရသွားပါတယ်။ ကျောက်စာမှာ ဘာသာ ငါးမျိုး တွေ့ပြီးတော့ အခုနောက်ထပ် ဘာသာတစ်မျိုး ထပ်တွေ့ထားတဲ့ အနေအထား ရှိပါတယ်။ အဲဒါရော ဆိုရင် ဘာသာစကားက ခြောက်မျိုးဖြစ်သွားမှာပါ။ ကျောက်စာကိုတော့ အခုပညာရှင်တွေ စုပေါင်း ပြီး လေ့လာနေဆဲပါ" ဟု မြန်မာမှုဗိသုကာ ပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ)က ပြောကြားခဲ့သည်။

၁၁ ရာစု ခေတ်ဦးဖြစ်သည့် စောလူးမင်း၏ ကျောက်စာတွင် ကျိန်စာ၊ ဆုတောင်းစာများ ပါဝင်ပြီး ပျူပါဠိဘာ သာဖြင့် ရေးထိုးထားရာဘက်၌ ဆင်းတုတော်သုံးဆူပါ လှူဒါန်းခဲ့ကြောင်း ရေး ထိုးထား သ ည်။ နောက်ထပ်တွေ့ရှိရသည့် ဘာသာစကား တစ်မျိုးမှာ မြန်မာဘာသာစကား (သို့မဟုတ်) ပါဠိ ဘာသာစကား တစ်မျိုးဖြစ်သည့် ဒေ၀နာဂရီဘာ သာစကားဖြင့် ရေးထိုးထားသည်ဟု ယူဆရကြောင်း အဆိုပါ မြန်မာမှု ဗိသုကာ ပညာရှင်က ဆက်လက်ပြောကြားသည်။

ယခုတွေ့ရှိထားသည့် ၁၁ ရာစု ခေတ်ဦးတွင် ရေးထိုးခဲ့သည့် စောလူးမင်း ကျောက်စာအား ယင်းကျောက် စာ တွေ့ရှိခဲ့သည့် မြစ်သားမြို့ရှိ ပေတောကျောင်းတိုက် အတွင်း၌ ပြန်လည်စိုက်ထူ ထားရှိသွား မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List