Wednesday, December 11, 2013

မိကျောင်းကန်မြေ ကုမ္ပဏီများ ပိုင်သည်ဆိုပါက ဆန္ဒပြသူများနှင့် ပူးပေါင်းမည်ဟု ဦးအောင်သိန်းလင်း ပြော

Wednesday, December 11, 2013

ဆန္ဒပြတောင်းဆိုလျက် ရှိသည့် မိကျောင်းကန်မြေ များသည် ကုမ္ပဏီများ ကသာ ပိုင်ဆိုင်ထားသည်ဆိုပါက ၄င်းကိုယ်တိုင် ဆန္ဒပြသူများနှင့် ပူးပေါင်း ၍ဆန္ဒဖော်ထုတ် မည်ဟု ယခင်မြို့တော် ဝန်ဟောင်း ဦးအောင်သိန်းလင်း က ပြောသည်။

မိကျောင်းကန်သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆ နာရီ တွင် နောက်ဆုံးထား၍ ပိတ်သိမ်းပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများက အမိန့်စာ လာရောက်ကပ် သွားပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် သပိတ်စခန်းဖွင့်သူများကို ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒ ပြသူများက ဆိုသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ၄င်းအနေဖြင့် ထိုသို့ပြောဆိုခဲ့ကြောင်း အတည်ပြုပြောသည်။ ”ဘာကြောင့်လဲဆိုတော့ ဒီမြေနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေရဲ့အထင်အမြင်တွေထဲမှာ ကုမ္ပဏီ ပိုင်မြေဖြစ် သွားပြီ လို့တွေးနေလို့ ကျွန်တော်က အမှန်ကိုရှင်းပြတာပါ။ တကယ့်လက်ရှိမှာ တပ်မတော် ကသာ ပိုင်ပါတယ်”ဟု ဦးအောင်သိန်းလင်း ကပြောသည်။ မိကျောင်းကန် သပိတ် စခန်းမှာ နိုဝင်ဘာ ၂၆ ရက်နေ့က တည်းက စတင်ဖွင့်လှစ်ခဲ့သည်။
ဆန္ဒပြသူ များနှင့် တပ်စည်ပင်ဟု ဆိုသူများ ဘုရားအုတ်တံတိုင်းခတ်သည့် ကိစ္စနှင့်ပတ်သက်၍ တစ်ဖက်နှင့် တစ် ဖက် အချင်းများကြပြီးနောက် ဆန္ဒပြသူ ၈ဦးမှာဒီဇင် ဘာလ ၇ရက်နေ့က ဒဏ်ရာ ရရှိကာ စံပြဆေးရုံ တွင်တက်ရောက်ကုသခံနေရသည်ဟုသပိတ်စခန်းမှ သိရသည်။

အများစုမှာ အာဏာပိုင်များ၏ အကြမ်းဖက်ခံရမည်ကို စိုးရိမ်နေကြောင်း ဆန္ဒပြသူများက ဆိုသည်။ ဦးအောင် သိန်းလင်းက ”ဆန္ဒပြသူတွေကို အကြမ်း ဖက်ဖြိုခွင်းမှာကို ကျွန်တော် စိတ်ပူ တယ်။ သင့်သင့်မြတ်မြတ် ပဲ ဖြစ်စေချင် တယ်။ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး လာမယ့်လွှတ်တော်မှာ တရားဝင် မေး သွားမှာပါ။ တင်လည်း တင်ထား ပြီးပါပြီ”ဟု ဆက်ပြောသည်။

မိကျောင်းကန် မြေနှင့် ပတ်သက် ၍ တပ်မတော်ဘက်က ၄င်းတို့ ပိုင်ဆိုင် ကြောင်း ပြောကြားထားခဲ့သလို နေထိုင် သူများကလည်း ၄င်းတို့ ဘိုးဘွားပိုင်မြေ ဖြစ်သည် ဟု ပြန်လည်ချေပထားခဲ့ကြ သည်။ ဆန္ဒပြသူများက မြို့တော်ခန်းမ ရှေ့တွင် တရားဝင်ဆန္ဒဖော်ထုတ်ခွင့် ရခဲ့ပြီး ဆန္ဒထုတ်ဖော်မှု ၇ ကြိမ် ပြုလုပ် ခဲ့ကာ ၈ ကြိမ်မြောက်တွင် ခွင့်ပြုမှု မရ ရှိဘဲဆန္ဒပြခဲ့ပြီး ယခုသင်္ဃန်းကျွန်း တွင် နိုဝင်ဘာ ၂၆ ရက်နေ့မှစကာ သပိတ် စခန်းဖွင့်၍ ဒီဇင်ဘာ ၁ဝရက်နေ့မှာလည်း ဆက်လက်ဆန္ဒဖော်ထုတ် လျက်ရှိ သည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List