Thursday, December 12, 2013

KIA မှ လူသစ် စုဆောင်းမှုအပြင် တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်နေမှုကြောင့် ဒေသခံတိုင်းရင်းသားများ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြား

Thursday, December 12, 2013

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တစ်ပတ်အတွင်း ဒေသခံရွာသား (၄၄) ဦးအား KIA မှလူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ (၁၀) ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၌ ရွာသား (၁၀) ဦးအား ထပ်မံ ဖမ်းဆီးသွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သတင်းရရှိသည်။

“ တောင်ပြိုရွာက ၄ ယောက်၊ အထက်မနရွာက ၃ ယောက်၊ ဆွတ်အောင်ရွာ က ၃ ယောက် ပေါင်း (၁၀) ယောက်ပါသွားတယ်လို့ ကြားတယ်၊ KIA က လူသစ်လုပ်ရမယ်ဆိုပြီး အလိုမတူဘဲ ဖမ်းနေတော့ ရွာသား တွေ လည်း လွတ်ရာ ကျွတ်ရာ ထွက်ပြေးနေကြတာပေါ့ ” ဟု ဖားကန့်မြို့မှ အသက် ခြောက် ဆယ်အရွယ် ဦလနွန်က ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းတွင် KIA တပ်မဟာ (၂) တပ်ရင်း (၆) မှ ဗိုလ် ဆောင်ရန်းခန်းဆာနှင့် တပ်ကြပ်ကြီး လထော်နော်လတ်တို့မှ အဆိုပါ ရွာသား (၁၀) ဦးအား ဆိုင်ကယ် (၆) စီးဖြင့် ဖားကန့် - လုံးခင်း - အောင်ဘာလေ လမ်းကြောင်းအတိုင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင် သက်သေ ရွာသားအချို့က ဆိုသည်။

KIA မှ မန်စီမြို့နယ် ချောင်းထောက်ကျေးရွာနှင့် မံဖွကျေးရွာအနီးဝန်းကျင် တွင် စပါးရိတ်သိမ်းနေသော ရွာသား (၂၁) ဦးအား ဒီဇင်ဘာ ၄ ရက်နေ့တွင် လည်းကောင်း၊ မန်စီမြို့နယ် တုံပလွေ၊ မန်ဝိန်းလေး၊ သစ်ဆုံး၊ ဆူးပုတ်ကုန်း ကျေးရွာများမှ သစ်ကယ်ရီသမားများနှင့် တောင်သူလုပ်ကိုင်နေသော ရွာသား (၁၇) ဦးအား ဒီဇင်ဘာ ၇ ရက်နေ့တွင်လည်းကောင်း၊ ၀ိုင်းမော်မြို့နယ် နောင်စီပေါရွာသား (၂) ဦးအား ဒီဇင်ဘာ ၆ ရက်နေ့ တွင်လည်းကောင်း၊ ဗန်းမော်မြို့ သိန်လင်ကျေးရွာ အနောက်တောင်ဘက်ရှိ လယ်တောတွင်း စပါးရိတ်သိမ်းခြင်း နှင့် ခြွေလှေ့ခြင်းလုပ်ကိုင်နေသော ရွာသား (၄) ဦးအား ဒီဇင်ဘာ ၈ ရက်နေ့တွင် လည်းကောင်း ဖမ်းဆီသွားခဲ့ ကြောင်း သိရသည်။

KIA အနေဖြင့် ဒေသခံရွာသားများအား လူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်နေမှု များအပြင် KIA တပ်ဖွဲ့ဝင်ဟောင်း များကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်နေ ကြောင်း အင်းတော်ကြီး ဒေသခံတစ်ဦး၏ ဆက်သွယ်ပြောဆိုမှုအရ သိရ သည်။

အင်းတော်ကြီးဒေသရှိ အိုင်တူးလေးရွာ၊ လောဆွမ်ကျေးရွာ၊ ချောင်းဝ ကျေးရွာ၊ နလတန်းကျေးရွာများရှိ အသက် ၅၅ နှစ်အောက် KIA စစ်မှုထမ်း ဟောင်းများအား တပ်ရင်း (၂၆) မှ အတင်းအကြပ်လာရောက်ဖမ်းဆီးနေမှု ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ဟိုပင်မြို့သို့ ရောက်ရှိ လာသော KIA အဖွဲ့ဝင်ဟောင်း အသက် ၅၃ နှစ်အရွယ် ဦးနော်ဂျာ က ဆိုသည်။

KIA မှ ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်ဖမ်းဆီးနေခြင်းနှင့် ကချင်ပြည်နယ်အနှံ့အပြား၌ လူသစ်အဓမ္မစုဆောင်းနေခြင်းများမှာ အစိုရတပ် များအား ပြန်လည်တိုက်ခိုက်ရန် အင်အားစုဆောင်း နေခြင်းဖြစ်၍ ငြိမ်းချမ်းရေအတွက် ရင်လေးမိသလို ဒေသခံတိုင်းရင်းသားများလည်း ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြားနေ ကြောင်း ဦးနော်ဂျာက ဆက်လက်ပြောသွားသည်။

ခွန်နော်

No comments:

Post a Comment

My Blog List