Wednesday, December 11, 2013

ရွှေတိဂုံတွင် လွန်ခဲ့သော ၆ နှစ် က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ကျယ်လောင်စွာဆုတောင်းခဲ့မှုဖြင့်ဒေါ်နော်အုန်းလှ အား တရားစွဲဆို

Wednesday, December 11, 2013

တရုတ်နိုင်ငံတော်အလံအား မီးရှို့ ဆန္ဒပြမှုဖြင့်တရားစွဲဆိုခံရသူ ဒေါ်နော် အုန်းလှအား ၂ဝဝ၇ ခုနှစ် က ရွှေတိဂုံ တွင် ကျယ်လောင်စွာ ဘုရားရှိခိုး သည့်အမှုတစ်ခု ထပ် တိုး၍ဒဂုံမြို့နယ် တရားရုံးက ဒီဇင်ဘာ လ ၁ဝ ရက်နေ့ တွင်စွဲချက်တင် စစ်ဆေးခဲ့သည်ဟု တရားခံ၏ ရှေ့နေဖြစ်သူက Popular News သို့ ပြော သည်။

နိုဝင်ဘာလ ၂၉ရက်နေ့က ဒေါ် နော်အုန်းလှ အပါအဝင် ဆန္ဒပြသူ အချို့မှာ တရုတ်သံရုံးရှေ့တွင် တရု တ် နိုင်ငံတော်အလံကို မီးရှို့ခဲ့ရာ ယင်း ကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စွဲချက်တင်ပြီးေ နာက် ဒေါ်အောင် ဆန်းစုကြည် လွတ်မြောက်ရန် လွန်ခဲ့ သော ၆ နှစ်ခန့်က ရွှေတိဂုံစေတီတော် တွင် ဘုရားအကျယ်ကြီး ရှိခိုး၍ ဆု တောင်း ခဲ့မှုဖြင့် အများပြည်သူ အနှောင့် အယှက်ဖြစ်စေမှု ပုဒ်မ ၂၉၆ နှင့်ပါ အမှုတစ်ခု ထပ်မံတိုးကာ ရုံးတော်မှ စွဲချက်တင် တရားစွဲဆိုခဲ့သည်ဟု ၄င်းရှေ့နေက ရှင်းပြသည်။
”အဲဒီ ၂ဝဝ၇ တုန်းက သူက တရားခံပြေးပေါ့ဗျာ ဒါကြောင့် ခုချိန် မှာ ထပ်စွဲတာလို့ ရုံးတော်က ရှင်းပြပါ တယ်”ဟု တရားခံရှေ့နေက ဆိုသည်။

နောက်ထပ် ရှေ့နေတစ်ဦးက ယခုကဲ့သို့ လူတစ်ယောက်အား ဆင့် ကဲ အမှုများဖြင့်တရားစွဲခံရမှုက ယနေ့ တရားစီရင်ရေးစနစ်အပေါ် လူအများ မေးခွန်းထုတ်လာလိမ့် မည်ဟု သူ့အ မြင်ကို ပြောသည်။

”အမျိုးသား ပြန်လည်သင့်မြတ် ရေးကို ထိခိုက်နိုင်တယ်” ဟု ၄င်းက ဆက် ပြောသည်။

ဒေါ်နော်အုန်းလှသည် ခွင့်ပြု ချက်မရှိဘဲ ဆန္ဒပြမှု ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံခဲ့ရပြီး သမ္မတ အမိန့်ဖြင့် မကြာမီကမှ ပြန်လည် လွတ်မြောက်လာသူ လည်း ဖြစ် သည်။

ဒဂုံတရားရုံးက ပြစ်မှုကြီး ၂၈၈/ ၂ဝ၁၃ ဖြင့် ဒေါ်နော်အုန်းလှကို စွဲချက် တင်ထားမှုမှာ အပြစ်ရှိကြောင်း ပေါ် လွင်ပါက ထောင်ဒဏ် ၂ နှစ်နှင့် အထက် ချမှတ်ခံရနိုင်သည် ဟု တရား လိုရှေ့နေက Popular News သို့ ထပ် လောင်း ပြောသည်။

ဒဂုံတရားရုံး၌ ဒေါ်နော်အုန်းလှ နှင့်အတူ စွဲချက်တင်ခံရသည့် ကိုတင် ထွဋ်ပိုင်က ရုံးထုတ်ရန် လာရောက်စဉ် အာဏာပိုင်များအား ဥပဒေအရဆို သည့် စကားလုံးနှင့် လက်ပံတောင်း တောင် ဆန္ဒပြမှုအား အကြမ်း ဖက်ဖြို ခွဲစဉ်က မီးလောင်ဒဏ်သင့်သံဃာများ နှင့် ဒေသခံတို့အတွက် ၄င်းက တရား စွဲချင်ကြောင်း၊ ထိုအရာကို မည်သည့် တရားရုံးက လက်ခံမည်လဲ ဘယ်နေ ရာတွင် တရားစွဲ၍ ရနိုင်ပါမည်လဲ ဟု မေးခွန်းထုတ်ခဲ့သည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List