Wednesday, December 11, 2013

ဂန္ဓမာအရောင်းကုန်တိုက် မီးလောင်မှု လူ ခုနစ်ဦး မီးခိုးမွှန်သေဆုံး

Wednesday, December 11, 2013

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်၊ ၈ ရပ်ကွက် ဝေဇယန္တာလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ Gandamar Whole Sale ကုန်တိုက် တွင်မီးလောင် မှု ဖြစ်ပွားပြီး လူ ၇ ဦး သေဆုံးခဲ့သည်။

ယခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့ နံနက် ၁ နာရီအချိန်တွင်Gandamar Whole Sale အပေါ် တတိယထပ်ရှိ Venus Garden Spa အလှပြင် ခန်းမတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းမီးလောင်မှုတွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးခြင်းဟု သိရသည်။
၎င်းမီးလောင်မှုနှင့် ပတ်သက်ပြီး ”သူတို့ သေတာက မီးလောင်လို့ သေတာ မဟုတ်ဘူး။ မီးခိုးတွေကြောင့် အသက်ရှူကျပ်ပြီး သေရတာ” ဟု ဒု ညွှန်ကြားရေးမှူး ဦးတင် မင်းက ပြော သည်။

၎င်းမီးလောင်မှုသည် မီးပူတိုက် ရာမှ အပူချိန်လွန်ကဲမှုကြောင့် ဖြစ် ပွား ခြင်း ဖြစ်ကြောင်း၊ ၄င်းမီးလောင်မှု ကြောင့် Venus Garden Spa မှ မန်နေဂျာ ကိုထွန်းထွန်းနိုင် ၃၃ နှစ်အား ပ ၅၁၁/၂ဝ၁၃ ပုဒ်မ ၂၈၅ (၃ဝ၄ က) ဖြင့် မရမ်းကုန်း ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ် ယာဉ် ၂၄ စီး၊ အထောက်အကူယာဉ် ၆ စီး၊ လူနာတင်ယာဉ် ၃ စီး၊ အုပ်ချုပ်ရေး ယာဉ် ၄ စီးနှင့် သန္ဓေ ၁၈၅ ဦး၊ အရန် ၅၂ ဦးတို့အား ညွှန်ကြားရေးမှူး ဦး ကျော်သူရ ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲ၍ မီးငြှိမ်းသတ်ရာ နံနက် ၁ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ နာရီ ၅၇ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့သည်။

၎င်းမီးလောင်မှုကြောင့် ခန့်မှန်း ခြေ အဆောက်အအုံနှင့် ပစ္စည်း ဆုံးရှုံး မှု တန်ဖိုးကျပ် ၅၆၇၅ဝဝဝ ကျပ် ရှိ ကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာန ချုပ် မှ သိရသည်။

၎င်းမီးလောင်မှုသည် မရမ်းကုန်း မြို့နယ်အတွင်းရှိ ရပ်ကွက် ၇ ရပ်ကွက် တွင် လူသေမှုအများဆုံး ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် ရဲစခန်းမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၃ နိုဝင်ဘာ လအတွင်း မီးလောင်မှု စုစုပေါင်း ၁ဝ၉ ခု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး မှာ ကျပ် ၁၈ဝ၈၆၅၂ဝဝ ဖြစ် သည်။ရန်ကုန်တိုင်းဒေသကြီး တွင် မီးလောင်မှု ၁၈ မှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုမှာ ကျပ် ၁ဝ၆၆၇ဝ၅ဝဝ ရှိကြောင်း သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List