Monday, March 25, 2013

Google ထွင်လိုက်တဲ့ မှတ်စုစာအုပ်

Photo: Google ထွင်လိုက်တဲ့ မှတ်စုစာအုပ် 
Monday, March 25, 2013 

Google  ကနေ နောက်ဆုံးထွက်ရှိလာတာကတော့   Google Keep ဖြစ်ပါတယ်။

Android ဖုန်း အသုံးပြုသူတွေအတွက် အသုံးဝင်စေမယ့် မှတ်စုစာအုပ် Application တခု လို့ ဆိုရပါမယ်။

Keep ဟာ မိုဘိုင်းဖုန်းတွေမှာ အသုံးပြုနေတဲ့ မှတ်စုစာအုပ် ( application)
ဖြစ်တဲ့ Evernote နဲ့ တူပါတယ်။  မိမိ အလိုရှိတဲ့ ကိစ္စအ၀၀ တို့ ကို အလွယ်တကူ မှတ်သားနိုင်မှာပါ။

Apple ရဲ့ iOS မှာတော့ မှတ်စုရေးတဲ့ apps တွေ နဂိုကတည်းက ရှိပြီးသားဖြစ်ပါတယ်။

Google အနေနဲ့ တော့ ဒါဟာ ပထမဦးဆုံးအကြိမ် ထုတ်လုပ်လိုက်တဲ့၊ မှတ်စုရေးတဲ့ app တခု ဖြစ်ပါတယ်။

Google Keep ဟာ အားလုံးမျှော်လင့်ထားတဲ့အတိုင်း Google Drive နဲ့ ချိတ်ဆက်ထားတာပါ။

သင်မှတ်ထားသမျှ အရာအားလုံးဟာ  Google ရဲ့  (cloud storage service) မှာလည်း မှတ်သားထားပြီး ဖြစ်ပါလိမ့်မယ်။

မှတ်စု ရေးသားတာအပြင်  ဓာတ်ပုံတွေ၊ အသံဖိုင်တွေကိုလည်း အလွယ်တကူ မှတ်သားနိုင်မှာဖြစ်ပါတယ်။

အကယ်၍ အင်္ဂလိပ်လိုပြောပြီး ကိုယ်ရဲ့ အသံကို ဖမ်းလိုက်ရင် 
တခါတည်း စာသားအဖြစ်သို့ ပြောင်းသွားမှာမို့  စာရိုက်ရမှာ ပျင်းတဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။

Google Keep ကိုသုံးပြီး ဓာတ်ပုံ ရိုက်တယ်ဆိုရင်လည်း  တခါတည်း တည်းဖြတ်နိုင်၊ အရောင်တွေပြုပြင်နိုင်ပါတယ်။

ပြီးတော့ ဓာတ်ပုံတွေကို e-mail, picasa , Google + , Facebook , Twitter , Instagram အစ ရှိတဲ့ လူမှုကွန်ရက်ဝက်ဆိုက်တွေပေါ်မှာ တခါတည်း ရှယ်လို့ ရပါတယ်။

Google Keep ကို ဖုန်း၊ သင်ပုန်းကွန်ပျူတာတွေမှာ သုံးချင်တယ် ဆိုရင်တော့  Andriod 4.0 Ice Cream နဲ့  နောက်ပိုင်းထွက်တဲ့ 
Jelly Bean တို့ မှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

Apple မှ iOS နဲ့ Windows Phone သမားတွေအတွက်တော့
ခေတ္တခဏ စောင့်ရဖွယ်ရှိပြီး မကြာခင်မှာ Google က မိုဘိုင်းအားလုံးမှာ အသုံးပြုနိုင်ရန် ဖန်တီးပေးဖွယ်ရှိပါတယ်။

ကွန်ပြူတာနဲ့ ပဲ မှတ်စုတွေ ရေးမယ်ဆိုရင်တော့ အောက်ပါ လင့်မှာ သွားရောက် စတင် အသုံးပြုနိုင်ပါပြီ။

https://drive.google.com/keep/

Google Keep ဟာ ရိုးရှင်းလွယ်ကူပြီး မိမိရဲ့ တနေ့ တာလုပ်ဆောင်မှုတွေကို ဂရုတစိုက် မှတ်တမ်းမှတ်ရာအနေနဲ့ သိမ်းထားချင်တဲ့ သူတွေအနေနဲ့ 
သုံးသင့်တဲ့application တခု ဖြစ်ပါတယ်။

ဒါကြောင့် Google Keep  ထွက်ရှိလာပြီး ၃ ရက်အတွင်းမှာ Android အသုံးပြုသူပေါင်း ၁ သန်းကျော်သွားတာပါ။

အဲဒီထဲက Matt Miller ဆိုသူကတော့ “အလွယ်ကူဆုံး နဲ့ အရိုးရှင်းဆုံး မှတ်စု ရေးချင်တဲ့သူများအတွက် အဆင်ပြေစေမှာပါ။ အထဲက အရောင် တည်ဆောက်ပုံ ကိုလည်း သဘောကျမိပါတယ်“ ဆိုပြီး မှတ်ချက်ပေးသွားပါတယ်။

သဘောကျသူတွေ ရှိသလို သဘောမကျသူတချို့လည်း ရှိနေပါတယ်။
အခု ထွင်လိုက်တဲ့ မှတ်စုစာအုပ် ဝန်ဆောင်မှုကို Google က  ဘယ်လောက်ကြာအောင် ထိန်းထားနိုင်မှာလဲ လို့ သူတို့က မေးခွန်း ထုတ်ပါတယ်။

လူသုံးများပေမယ့် ပိုက်ဆံမဝင်တဲ့  Google Reader  ကို ဆက် မထားတော့ဘူးလို့ ဟိုတလောကမှ ကြေညာချက် ထွက်လာပါတယ်။ ဒီအကြောင်း ဧရာဝတီဘလော့ http://blog.irrawaddy.org/2013/03/google-reader.html မှာ Google Reader ဖျက်သိမ်းတော့မယ် ဆိုပြီး ရေးခဲ့ပြီးပါပြီ။

စိုးရိမ်သူ ရှိပေမယ့်လည်း Google ပရိသတ် အများအပြားကတော့ ဒီ ဝန်ဆောင်မှု အသစ်ကို မြည်းစမ်းကြ၊  ကြိုက်ရင် ဆက်သုံးကြမှာပါ။
 
အသစ် ထွင်လိုက်တဲ့ Google Keep ရဲ့ လုပ်ဆောင်နိုင်စွမ်း (၇) ချက်က ဒီလိုပါ -

၁။ သင်ရဲ့ အတွေး ၊ စိတ်ကူးမှန်သမျှကို မှတ်စု အနေနဲ့ သော်လည်းကောင်း၊  တနေ့ တာလုပ်ဆောင်စရာအချက်များ နဲ့  ဓာတ်ပုံတွေကို သော်လည်းကောင်း အလွယ်တကူ သိမ်းထားနိုင်ပါတယ်။

၂။ သင်ရဲ့ အသံကို စာသားအဖြစ် တခါတည်းပြောင်းလဲပေးခြင်း 
( ဘာသာစကား ကန့် သတ်ချက်ရှိ )

၃။ homescreen widgets လို့ ခေါ်တဲ့ ဖုန်းရဲ့ အဓိကကျတဲ့နေရာကနေပြီး သင့်ရဲ့အတွေးတွေကို မှတ်စုအဖြစ် အလျှင်အမြန် ပြောင်းလဲနိုင်ခြင်း

၎။ ရောင်စုံနဲ့မှတ်သားထားပြီး မှတ်စုများကို အလွယ်တကူ ပြန်လည် ရှာဖွေနိုင်ခြင်း

၅။ သင်မလိုအပ်တော့တဲ့ မှတ်စုများကို အခြားနေရာမှာ အလွယ်တကူ မှတ်တမ်းမှတ်ရာအနေဖြင့် သိမ်းဆည်းထားနိုင်ခြင်း

၆။ မှတ်စု အနေနဲ့ သာ မဟုတ်ဘဲ တနေ့ တာ လုပ်ဆောင်စရာများကို
ရေးသားထားပြီး checklist ပြုလုပ်ထားနိုင်ခြင်း

၇။ မှတ်စုတွေကို သင်ရောက်ရှိနေတဲ့နေရာကနေ အလွယ်တကူ အသုံးပြုနိုင်ခြင်း (အင်တာနက်အတွင်းရှိ “Cloud”ကွန်ရက်ထဲမှာ  သိမ်းဆည်းထားတာဖြစ်တဲ့အတွက် အင်တာနက် အသုံးပြုပြီး ပြန်လည် ရှာဖွေနိုင်ခြင်း )

အသုံးပြုချင်သူများအတွက်တော့ အောက်ပါလင့်မှာ သွားရောက် ဒေါင်း ယူနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.google.android.keep

ကွန်ပျူတာကနေ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါ လင့်မှာ သွားရောက် စမ်းသပ် သုံးစွဲကြည့်ပါ။ 

Google Keep အကြောင်းရှင်းပြထားတဲ့ ရုပ်သံကို ကြည့်ရင် အသုံးပြုပုံကို အသေးစိတ်ကို တွေ့ရမှာ ဖြစ်ပါတယ်။

ကိုးကား -

http://edition.cnn.com/2013/03/21/tech/mobile/google-keep/index.html

ဆောင်းဦးလင်း 
ဧရာဝတီ
Google ကနေ နောက်ဆုံးထွက်ရှိလာတာကတော့ Google Keep ဖြစ်ပါတယ်။

Android ဖုန်း အသုံးပြုသူတွေအတွက် အသုံးဝင်စေမယ့် မှတ်စုစာအုပ် Application တခု လို့ ဆိုရပါမယ်။

Keep ဟာ မိုဘိုင်းဖုန်းတွေမှာ အသုံးပြုနေတဲ့ မှတ်စုစာအုပ် ( application)
ဖြစ်တဲ့ Evernote နဲ့ တူပါတယ်။ မိမိ အလိုရှိတဲ့ ကိစ္စအ၀၀ တို့ ကို အလွယ်တကူ မှတ်သားနိုင်မှာပါ။

Apple ရဲ့ iOS မှာတော့ မှတ်စုရေးတဲ့ apps တွေ နဂိုကတည်းက ရှိပြီးသားဖြစ်ပါတယ်။

Google အနေနဲ့ တော့ ဒါဟာ ပထမဦးဆုံးအကြိမ် ထုတ်လုပ်လိုက်တဲ့၊ မှတ်စုရေးတဲ့ app တခု ဖြစ်ပါတယ်။

Google Keep ဟာ အားလုံးမျှော်လင့်ထားတဲ့အတိုင်း Google Drive နဲ့ ချိတ်ဆက်ထားတာပါ။

သင်မှတ်ထားသမျှ အရာအားလုံးဟာ Google ရဲ့ (cloud storage service) မှာလည်း မှတ်သားထားပြီး ဖြစ်ပါလိမ့်မယ်။

မှတ်စု ရေးသားတာအပြင် ဓာတ်ပုံတွေ၊ အသံဖိုင်တွေကိုလည်း အလွယ်တကူ မှတ်သားနိုင်မှာဖြစ်ပါတယ်။

အကယ်၍ အင်္ဂလိပ်လိုပြောပြီး ကိုယ်ရဲ့ အသံကို ဖမ်းလိုက်ရင်
တခါတည်း စာသားအဖြစ်သို့ ပြောင်းသွားမှာမို့  စာရိုက်ရမှာ ပျင်းတဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။

Google Keep ကိုသုံးပြီး ဓာတ်ပုံ ရိုက်တယ်ဆိုရင်လည်း တခါတည်း တည်းဖြတ်နိုင်၊ အရောင်တွေပြုပြင်နိုင်ပါတယ်။

ပြီးတော့ ဓာတ်ပုံတွေကို e-mail, picasa , Google + , Facebook , Twitter , Instagram အစ ရှိတဲ့ လူမှုကွန်ရက်ဝက်ဆိုက်တွေပေါ်မှာ တခါတည်း ရှယ်လို့ ရပါတယ်။

Google Keep ကို ဖုန်း၊ သင်ပုန်းကွန်ပျူတာတွေမှာ သုံးချင်တယ် ဆိုရင်တော့ Andriod 4.0 Ice Cream နဲ့  နောက်ပိုင်းထွက်တဲ့
Jelly Bean တို့ မှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Apple မှ iOS နဲ့ Windows Phone သမားတွေအတွက်တော့
ခေတ္တခဏ စောင့်ရဖွယ်ရှိပြီး မကြာခင်မှာ Google က မိုဘိုင်းအားလုံးမှာ အသုံးပြုနိုင်ရန် ဖန်တီးပေးဖွယ်ရှိပါတယ်။

ကွန်ပြူတာနဲ့ ပဲ မှတ်စုတွေ ရေးမယ်ဆိုရင်တော့ အောက်ပါ လင့်မှာ သွားရောက် စတင် အသုံးပြုနိုင်ပါပြီ။

https://drive.google.com/keep/

Google Keep ဟာ ရိုးရှင်းလွယ်ကူပြီး မိမိရဲ့ တနေ့ တာလုပ်ဆောင်မှုတွေကို ဂရုတစိုက် မှတ်တမ်းမှတ်ရာအနေနဲ့ သိမ်းထားချင်တဲ့ သူတွေအနေနဲ့ 
သုံးသင့်တဲ့application တခု ဖြစ်ပါတယ်။

ဒါကြောင့် Google Keep ထွက်ရှိလာပြီး ၃ ရက်အတွင်းမှာ Android အသုံးပြုသူပေါင်း ၁ သန်းကျော်သွားတာပါ။

အဲဒီထဲက Matt Miller ဆိုသူကတော့ “အလွယ်ကူဆုံး နဲ့ အရိုးရှင်းဆုံး မှတ်စု ရေးချင်တဲ့သူများအတွက် အဆင်ပြေစေမှာပါ။ အထဲက အရောင် တည်ဆောက်ပုံ ကိုလည်း သဘောကျမိပါတယ်“ ဆိုပြီး မှတ်ချက်ပေးသွားပါတယ်။

သဘောကျသူတွေ ရှိသလို သဘောမကျသူတချို့လည်း ရှိနေပါတယ်။
အခု ထွင်လိုက်တဲ့ မှတ်စုစာအုပ် ဝန်ဆောင်မှုကို Google က ဘယ်လောက်ကြာအောင် ထိန်းထားနိုင်မှာလဲ လို့ သူတို့က မေးခွန်း ထုတ်ပါတယ်။

လူသုံးများပေမယ့် ပိုက်ဆံမဝင်တဲ့ Google Reader ကို ဆက် မထားတော့ဘူးလို့ ဟိုတလောကမှ ကြေညာချက် ထွက်လာပါတယ်။ ဒီအကြောင်း ဧရာဝတီဘလော့http://blog.irrawaddy.org/2013/03/google-reader.html မှာ Google Reader ဖျက်သိမ်းတော့မယ် ဆိုပြီး ရေးခဲ့ပြီးပါပြီ။

စိုးရိမ်သူ ရှိပေမယ့်လည်း Google ပရိသတ် အများအပြားကတော့ ဒီ ဝန်ဆောင်မှု အသစ်ကို မြည်းစမ်းကြ၊ ကြိုက်ရင် ဆက်သုံးကြမှာပါ။

အသစ် ထွင်လိုက်တဲ့ Google Keep ရဲ့ လုပ်ဆောင်နိုင်စွမ်း (၇) ချက်က ဒီလိုပါ -

၁။ သင်ရဲ့ အတွေး ၊ စိတ်ကူးမှန်သမျှကို မှတ်စု အနေနဲ့ သော်လည်းကောင်း၊ တနေ့ တာလုပ်ဆောင်စရာအချက်များ နဲ့  ဓာတ်ပုံတွေကို သော်လည်းကောင်း အလွယ်တကူ သိမ်းထားနိုင်ပါတယ်။

၂။ သင်ရဲ့ အသံကို စာသားအဖြစ် တခါတည်းပြောင်းလဲပေးခြင်း
( ဘာသာစကား ကန့် သတ်ချက်ရှိ )

၃။ homescreen widgets လို့ ခေါ်တဲ့ ဖုန်းရဲ့ အဓိကကျတဲ့နေရာကနေပြီး သင့်ရဲ့အတွေးတွေကို မှတ်စုအဖြစ် အလျှင်အမြန် ပြောင်းလဲနိုင်ခြင်း

၎။ ရောင်စုံနဲ့မှတ်သားထားပြီး မှတ်စုများကို အလွယ်တကူ ပြန်လည် ရှာဖွေနိုင်ခြင်း

၅။ သင်မလိုအပ်တော့တဲ့ မှတ်စုများကို အခြားနေရာမှာ အလွယ်တကူ မှတ်တမ်းမှတ်ရာအနေဖြင့် သိမ်းဆည်းထားနိုင်ခြင်း

၆။ မှတ်စု အနေနဲ့ သာ မဟုတ်ဘဲ တနေ့ တာ လုပ်ဆောင်စရာများကို
ရေးသားထားပြီး checklist ပြုလုပ်ထားနိုင်ခြင်း

၇။ မှတ်စုတွေကို သင်ရောက်ရှိနေတဲ့နေရာကနေ အလွယ်တကူ အသုံးပြုနိုင်ခြင်း (အင်တာနက်အတွင်းရှိ “Cloud”ကွန်ရက်ထဲမှာ သိမ်းဆည်းထားတာဖြစ်တဲ့အတွက် အင်တာနက် အသုံးပြုပြီး ပြန်လည် ရှာဖွေနိုင်ခြင်း )

အသုံးပြုချင်သူများအတွက်တော့ အောက်ပါလင့်မှာ သွားရောက် ဒေါင်း ယူနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.google.android.keep

ကွန်ပျူတာကနေ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါ လင့်မှာ သွားရောက် စမ်းသပ် သုံးစွဲကြည့်ပါ။

Google Keep အကြောင်းရှင်းပြထားတဲ့ ရုပ်သံကို ကြည့်ရင် အသုံးပြုပုံကို အသေးစိတ်ကို တွေ့ရမှာ ဖြစ်ပါတယ်။

ကိုးကား -

http://edition.cnn.com/2013/03/21/tech/mobile/google-keep/index.html

https://play.google.com/store/apps/details?id=com.google.android.keep

ဆောင်းဦးလင်း
ဧရာဝတီ

No comments:

Post a Comment

My Blog List