Sunday, March 24, 2013

နိုင်ငံ၏ လူဦးရေသန်း ၆ဝ အတွက် စားဝတ်နေရေး သယ်ယူ ပို့ဆောင်ရေး လွယ်ကူ အဆင်ပြေ စေရေး ဖြည့်ဆည်း ပေးလျက်ရှိ

Photo: နိုင်ငံ၏ လူဦးရေသန်း ၆ဝ အတွက် စားဝတ်နေရေး သယ်ယူ ပို့ဆောင်ရေး လွယ်ကူ အဆင်ပြေ စေရေး ဖြည့်ဆည်း ပေးလျက်ရှိ
Sunday, March 24, 2013

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာနနှင့်
ပြင်သစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အေဂျင်စီ (အေအက်ဖ်ဒီ) တို့အကြား လုပ်ငန်း ဆောင်ရွက်မှု များနှင့် စပ်လျဉ်း သည့်နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို အဆိုပါ ဝန်ကြီးဌာန အစည်း
အဝေး ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီခွဲက ကျင်းပရာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု

ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်၊ ပြင်သစ် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Pascal CANFIN ၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီး အကဲများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က နိုင်ငံတော် အစိုးရ အနေဖြင့် လူထု ဗဟိုပြု ဖွံ့ဖြိုးမှု မူဝါဒကို အကောင် အထည်ဖော်
ဆောင်ရွက်လျက် ရှိပြီး မိမိတို့ နိုင်ငံ၏ လူဦးရေ သန်း ၆ဝ အတွက် စားဝတ်
နေရေး၊ အလုပ်အကိုင် ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သယ်ယူပို့ဆောင်
ရေးပိုမို လွယ်ကူ အဆင် ပြေစေရေးတို့ကို ဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ပထမ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်
ရွက်ရေး ဖိုရမ်ကို အောင်မြင်စွာ ကျင်းပခဲ့ပြီး နေပြည်တော် သဘောတူညီချက်
ကို ထုတ်ပြန် နိုင်ခဲ့ပါကြောင်း၊ နားလည်မှု စာချွန်လွှာ အရ ပြင်သစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အေဂျင်စီ၏ ဆောင်ရွက်မှု နယ်ပယ်များ သည်လည်း မြန်မာ နိုင်ငံ မှ ဆောင်ရွက်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ် များကို များစွာ အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း
ပြောကြားသည်။

ထို့နောက် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့်
ပြင်သစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အေဂျင်စီမှ Chief Operating Officer တို့က နားလည်မှု စာချွန်လွှာကို လက်မှတ် ရေး ထိုးကြကြောင်း သိရသည်။

မြ၀တီ
http://bit.ly/YwYPrQအမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာနနှင့်
ပြင်သစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အေဂျင်စီ (အေအက်ဖ်ဒီ) တို့အကြား လုပ်ငန်း ဆောင်ရွက်မှု များနှင့် စပ်လျဉ်း သည့်နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို အဆိုပါ ဝန်ကြီးဌာန အစည်း
အဝေး ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီခွဲက ကျင်းပရာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်၊ ပြင်သစ် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Pascal CANFIN ၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီး အကဲများ တက်ရောက်ကြသည်။အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က နိုင်ငံတော် အစိုးရ အနေဖြင့် လူထု ဗဟိုပြု ဖွံ့ဖြိုးမှု မူဝါဒကို အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး မိမိတို့ နိုင်ငံ၏ လူဦးရေ သန်း ၆ဝ အတွက် စားဝတ်နေရေး၊ အလုပ်အကိုင် ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သန့်ရှင်းသော သောက် သုံးရေ ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သယ်ယူပို့ဆောင်ရေးပိုမို လွယ်ကူ အဆင် ပြေစေရေး တို့ကို ဖြည့် ဆည်းပေးလျက် ရှိပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ပထမ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်
ရွက်ရေး ဖိုရမ်ကို အောင်မြင်စွာ ကျင်းပခဲ့ပြီး နေပြည်တော် သဘောတူညီချက်ကို ထုတ်ပြန် နိုင်ခဲ့ပါကြောင်း၊ နားလည်မှု စာချွန်လွှာ အရ ပြင်သစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အေဂျင်စီ၏ ဆောင်ရွက်မှု နယ်ပယ်များ သည်လည်း မြန်မာ နိုင်ငံ မှ ဆောင်ရွက်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ် များကို များစွာ အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။

ထို့နောက် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့်ပြင်သစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အေဂျင်စီမှ Chief Operating Officer တို့က နားလည်မှု စာချွန်လွှာကို လက်မှတ် ရေး ထိုးကြကြောင်း သိရသည်။

မြ၀တီ
http://bit.ly/YwYPrQ

No comments:

Post a Comment

My Blog List