Sunday, March 24, 2013

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ဟိုချီမင်း မြို့ရှိ နဂါးမြို့တော် အိမ်ရာ စီမံကိန်း တည်ဆောက် အကောင်အထည် ဖော်နေမှုအား ကြည့်ရှု

Photo: ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ဟိုချီမင်း မြို့ရှိ နဂါးမြို့တော် အိမ်ရာ စီမံကိန်း တည်ဆောက် အကောင်အထည် ဖော်နေမှုအား ကြည့်ရှု

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း Phulong Real Estate Holdings လုပ်ငန်းအား ကြည့်ရှုလေ့လာ စဉ်။


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ  ဦးဉာဏ်ထွန်းသည် ယနေ့နံနက်  ၈  နာရီခွဲတွင် ဟိုချီမင်း မြို့ရှိ နဂါးမြို့တော် အိမ်ရာ စီမံကိန်း (Dragon City Real Estate project) သို့ ကြည့်ရှု လေ့လာသည်။
အဆိုပါ အိမ်ရာ စီမံကိန်းကို အမေရိကန် ဒေါ်လာ ၁ ဘီလီယံဖြင့် Dragon Land Company မှ မြေ ၆၅ ဟက်တာပေါ်တွင် အဆင့်မြင့် အိမ်ရာ စီမံကိန်း အဖြစ် တည်ဆောက်အကောင် အထည် ဖော်နေခြင်း ဖြစ်သည်။

ဆက်လက်၍ စီမံကိန်းအား ပူးတွဲ အကောင်အထည် ဖော်လျက်ရှိသည့် Phulong Real Estate Holdings လုပ်ငန်းသို့ လည်းကောင်း၊ HD Holding နှင့် Sovico Holdings လုပ်ငန်း သို့လည်းကောင်း၊ Parkson Supermarket ၏ ဦးဆောင် ကုမ္ပဏီ အုပ်စုဖြစ်သည့် CT Group သို့လည်းကောင်း၊ Vietjet Airline သို့လည်းကောင်း သွားရောက်ကြည့်ရှု လေ့လာကြသည်။

ထို့နောက် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ သည် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဗီယက်နမ် လေကြောင်း ခရီးဖြင့် ဟိုချီမင်း မြို့မှ ထွက်ခွာလာပြီး မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ တွင် ရန်ကုန်မြိုသို့ ပြန်လည် ရောက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ သံအမတ်ကြီး Mr. Pham Thanh Dung နှင့် တာဝန်ရှိသူ များက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့် အတူ အဖွဲ့ဝင်များ အဖြစ် လိုက်ပါ သွားကြသည့် တာဝန် ရှိသူများလည်း ပြန်လည်လိုက်ပါ လာကြသည်။

http://www.myawady.net.mm/allnews/headline/item/10001-2013-03-24-10-11-14ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း Phulong Real Estate Holdings လုပ် ငန်းအားကြည့်ရှုလေ့လာစဉ်။ပြည်ထောင်စုသမ္မတ မြန်မာ နိုင် ငံေ တာ် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက် ၈ နာရီခွဲတွင် ဟိုချီမင်း မြို့ရှိ နဂါးမြို့တော် အိမ်ရာ စီမံကိန်း (Dragon City Real Estate project) သို့ ကြည့်ရှု လေ့လာသည်။အဆိုပါ အိမ်ရာ စီမံကိန်းကို အမေရိကန် ဒေါ်လာ ၁ ဘီလီယံဖြင့် Dragon Land Company မှ မြေ ၆၅ ဟက်တာပေါ်တွင် အဆင့်မြင့် အိမ်ရာ စီမံကိန်း အဖြစ် တည်ဆောက်အကောင် အထည် ဖော်နေခြင်း ဖြစ်သည်။ ဆက်လက်၍ စီမံကိန်းအား ပူးတွဲ အကောင် အထည် ဖော်လျက်ရှိသည့် Phulong Real Estate Holdings လုပ်ငန်းသို့ လည်းကောင်း၊ HD Holding နှင့် Sovico Holdings လုပ်ငန်း သို့လည်းကောင်း၊ Parkson Supermarket ၏ ဦးဆောင် ကုမ္ပဏီ အုပ်စုဖြစ်သည့် CT Group သို့လည်းကောင်း၊ Vietjet Airline သို့လည်းကောင်း သွားရောက်ကြည့် ရှု လေ့ လာကြသည်။
ထို့နောက် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ သည် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဗီယက်နမ် လေကြောင်း ခရီးဖြင့် ဟိုချီမင်း မြို့မှ ထွက်ခွာလာပြီး မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ တွင် ရန်ကုန်မြိုသို့ ပြန်လည် ရောက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ သံအမတ်ကြီး Mr. Pham Thanh Dung နှင့် တာဝန်ရှိသူ များက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။
ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့် အတူ အဖွဲ့ဝင်များ အဖြစ် လိုက်ပါ သွားကြသည့် တာဝန် ရှိသူများ လည်း ပြန်လည်လိုက်ပါ လာကြသည်။

http://www.myawady.net.mm/allnews/headline/item/10001-2013-03-24-10-11-14

No comments:

Post a Comment

My Blog List